ကချင်ပြည်နယ် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံတော် ခေါင်းဆောင်များ တိုက်တွန်း

ကချင်ပြည်နယ် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံတော် ခေါင်းဆောင်များ တိုက်တွန်း

(၇၁)နှစ်ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို သမ္မတကြီး ဦးဝင်းမြင့် ပေးပို့သည့် သဝဏ်လွှာ မှာ “ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားရင် ၁၀နှစ်အတွင်းမှာပင် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာနိုင်သည်” ဟု ရေးသားဖော်ပြထားသည်။

ထို့အပြင် ပြည်တွင်းစစ်မီးသာ ငြိမ်းသွားရင် ၁၀နှစ် မဟုတ်ဘဲ တစ်နှစ်အတွင်းမှာလည်း တိုင်းပြည် သိသိသာသာ ပြောင်းလဲလာမည်ကို ယုံကြည်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ မိန့်ခွန်း ပြောဆိုထားပါသည်။

“ကျမတို့မှာ နိုင်ငံအတွင်း ငြိမ်းချမ်းရေးသာ ရမယ်ဆိုရင် သမ္မတကြီး မိန့်ဆိုသည့်အတိုင်းဘဲ ၁၀နှစ်အတွင်းတောင်မဟုတ်ဘဲ တစ်နှစ်အတွင်းတောင်မှ သိသိသာသာ ပြောင်းလဲလာလိမ့်မယ်လို့ မြင်ရလိမ့်မယ်လို့ယုံကြည်တယ်။ တကယ့်အကို ပြည်တွင်းစစ်တွေ ငြိမ်းသွားပြီ ဆိုတာနဲ့ တစ်နှစ်အတွင်း အပြောင်းအလဲလာတာနဲ့အမျှ ကျမတို့လိုချင်တဲ့ ခိုင်မာတဲ့ အခြေအနေကိုတော့ သမ္မတကြီး မိန့်ဆိုသည့်အတိုင်း ဆယ်စုနှစ်တစ်စုလောက်ကတော့ သေသေချာချာ ကြိုးစားဖို့က လိုတယ်။”

ထို့နောက် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် အပြည့်အဝဖြစ်လာနိုင်ရန်အတွက် အစိုးရတစ်ခုတည်း ကိုသာ အားကိုးလို့ မရသလို ပြည်သူလူထုအားလုံးလည်း ဝိုင်းဝန်း ကူညီကြိုးစားဖို့လိုအပ်ကြောင်း ကိုလည်း ဆက်လက်ပြောဆိုခဲ့သည်။

ယနေ့ ကချင်ပြည်နယ်နေ့ အခန်းအနား အစီအစဉ် ပထမပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် Dr. Hkyet Aung တို့ မိန့်ခွန်းများ ပြောဆိုခဲ့ပြီး ဒုတိယပိုင်း အစီအစဉ်မှာ မနောအကဖြင့် ပြည်သူများနှင့် စည်းစည်းလုံးလုံးဖြင့် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

လုံခြုံရေး ထူထပ်စွာဖြင့် ဇန်နဝါရီ ၁၀ရက် ကချင်ပြည်နယ်နေ့ သုံးရက်ကြာ မနောပွဲတော် အခမ်းအနားကို မြစ်ကြီးနား စီတာပူ မနောကွင်းတွင် ယနေ့ ဖွင့်ပွဲပြုလုပ်ကျင်းပပါသည်။

ကချင်ပြည်နယ်နေ့ကို နိုင်ငံတော်ရုံးပိတ်ရက် သတ်မှတ်ပေးရန် ယခင် ဦးသိန်းစိန် အစိုးရနှင့် ယခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောာင်သော အစိုးရအဖွဲ့တိုင် ကချင်လွှတ်တော် ကိုယ်စားလှယ်များ တင်ပြခဲ့သော်လည်း လက်ခံခြင်း မရှိသေးပါ။

ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...