ဝင်းနှင့် ဇော်တို့၏ ကျန်းမာရေးအခြေအနေကို မြန်မာသံမှူးနှင့်အဖွဲ့သွားကြည့်မည်

ဝင်းနှင့် ဇော်တို့၏ ကျန်းမာရေးအခြေအနေကို မြန်မာသံမှူးနှင့်အဖွဲ့သွားကြည့်မည်

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့်ခရီးသည်နှစ်ဦးအား သတ်ဖြတ်မှုဖြင့် သေဒဏ် ချမှတ်ခံရသူ မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ ကျန်းမာရေးအခြေအနေကို မြန်မာသံမှူးနှင့်အဖွဲ့က သွားရောက်ကြည့်ရှုရန်စီစဉ်နေကြောင်း ရှေ့နေဖြစ်သူ ဦးအောင်မျိုးသန့် က ပြောသည်။

 အဆိုပါ မြန်မာသံမှူးနှင့်အဖွဲ့ အပါအဝင် ရှေ့နေများကသွားရောက်ကြည့်ရှုမည်ဖြစ်သော်လည်း လက်ရှိ သတင်းများအရ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ သည် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်းလည်း သိရသည်။

 “ သွားကြည့်မှာကတော့ သံအမတ်ကြီးရဲ့ညွှန်ကြားချက်နဲ့လေ။ ကလေးတွေရဲ့ ကျန်းမာရေး၊ နေရေး၊ ထိုင်ရေးအတွက် သွားကြည့်မှာပါ။  ၇ ရက်နေ့ (ဇန်နဝါရီ) လောက်ကိုသွားဖြစ်လိမ့်မယ်လို့ထင်ပါတယ်ခင်ဗျ “ ဟု ဦးအောင်မျိုးသန့်ကဆိုသည်။

 မြန်မာရွေ့ပြောင်းလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲကို သတ်မှု၊ ပစ္စည်းလုယက်မှု၊ အဓမ္မကျင့်မှုတို့အပါအဝင် အမှု ၇ မှုဖြင့် ကော့စမွီခရိုင်တရားရုံးက ဒီဇင်ဘာလတွင်သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 အဆိုပါအမိန့်ကို အယူခံတက်သော်လည်း မူလတရားရုံး၏ သေဒဏ်အမိန့်ကိုသာ ဆက်လက် အတည်ပြုခဲ့ သောကြောင့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရား ရုံးချုပ်တွင် ၂၀၁၈ ခုနှစ် မတ်လ တတိယအပတ်က နောက်ဆုံး အယူခံကို တင်ခဲ့သည်။

 “ မူလတရားရုံးထဲက ဥပဒေအရပဲတောင်းဆိုလာခဲ့တာပါ။ ဒါကိုလည်းအားလုံးကသိကြားမြင်နေတဲ့အတိုင်းပါပဲ။ သက်သေခံအနေနဲ့တရားခွင်မှာတင်ခဲ့တာမို့လို့ ကနေ့အတွက်ကတော့ ဥပဒေအရဆိုရင် အပြစ် ကင်းစင် တဲ့သူဖြစ်တယ်ဆိုတာကိုပဲ ထပ်လောင်းပြောချင်ပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်ကဆိုသည်။

 သေဒဏ်ချမှတ်ခံရသူ ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးဗဟိုတရားရုံးတွင် စာမျက်နှာ ၃၁၉ မျက်နှာပါရှိသည့် အသနားခံစာ နှင့် နောက်ဆုံးအယူခံကိုတင်ခဲ့ပြီး ၉ လ အကြာတွင် ထိုသို့ သွားရောက် ကြည့်ရှု ရန်စီစဉ်ခြင်းလည်းဖြစ်သည်။

 အဆိုပါအမှုသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် အချိန်ကာလ  ၉ လခန့်ကြာမြင့်နေပြီး ၄င်းတို့နှစ်ဦးသည် တရားရုံးချုပ်မှ ပြန်ကျလာမည့် နောက်ဆုံးအယူခံလွှာအပေါ် ဆုံးဖြတ်ချက်ကို ဘန်ကောက် ထောင်တွင် အကျဉ်းကျလျက် စောင့်ဆိုင်း နေရဆဲလည်းဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...