ပြည်သူ ၅,၀၀၀ ကျော် Blue Shirt Campaign တွင် ပူးပေါင်းပါဝင်

ပြည်သူ ၅,၀၀၀ ကျော် Blue Shirt Campaign တွင် ပူးပေါင်းပါဝင်

ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign လူထုလှုပ်ရှားမှုတွင် ပြည်တွင်း ပြည်ပရှိ ပြည်သူ ၅,၀၀၀ ကျော်ပူးပေါင်းပါဝင်နေကြောင်း သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနှင့် အရေးတော်ပုံ အောင်နိုင်ရေးအတွက် Blue Shirt Campaign လူထုလှုပ်ရှားမှုကို ဧပြီလ ၁၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၁၂ ရက်ကြာ ပြုလုပ်နေခြင်း ဖြစ်သည်။ 

ဧပြီလ ၂၁ ရက်သည်  ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့်မြောက်သည့် နေ့ဖြစ်သလို  Blue Shirt Campaign လူထုလှုပ်ရှားမှု၏ နောက်ဆုံးနေ့လည်း ဖြစ်သည်။ 

“ ဒီနေ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဘဘ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့်တဲ့နေ့မှာလည်း ပြည်သူတွေ ပါဝင်မှု ပိုပြီးမြင့်တက်လာသလို ကျွန်တော်တို့ ပြည်သူလူထု လေးစားရတဲ့ ရှောင်တာနယ်တို့ တခြားအနုပညာရှင်တွေရော ပူးပေါင်းပါဝင်နေတာကို တွေ့ရပါတယ်။ ပြည်သူ ၅,၀၀၀ ကျော်လောက် ပါဝင်ပါတယ် ဓာတ်ပုံထောင်ချီလည်း တင်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။ 

ဟံသာ၀တီ ဦးဝင်းတင်သည် ၂၀၀၈ ခုနှစ် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် အချိန်ကစ၍ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ယခုပြုလုပ်နေသည့် Blue Shirt Campaign သည် အကျဉ်းထောင်များရှိ  နိုင်ကျဉ်းများ  အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် လူထုလှုပ်ရှားမှုမှတဆင့် နိုင်ငံတကာ အစိုးရများ  သတိထားမိပြီး  စစ်အုပ်စုအပေါ်  ထိရောက်သည့်  ဖိအားပေးမှုများ ဖြစ်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်းဟု ဆက်ပြောသည်။ 

“ အကျဉ်းထောင်အတွင်းမှာ နိုင်ကျဉ်းတွေ အများကြီးရှိနေတယ်ဆိုတာကို အပြာရောင်တီရှပ်တွေကတဆင့် ထုတ်ပြန်နေတာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုက ကမ်ပိန်းကာလမှာတင် မဟုတ်ဘဲ နိုင်ကျဉ်းတွေ အကုန်လွတ်မြောက်ရေး၊ မြန်မာတနိုင်ငံလုံး လွတ်မြောက်ရေး၊ ပြည်သူတရပ်လုံး လွတ်မြောက်ရေး စတဲ့အခြေအနေတွေ ဖြစ်လာတဲ့အထိ  ဒီခံယူချက်ကို ကိုင်စွဲသွားမယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။  

၁၂ ရက်တာ ပြုလုပ်နေသည့် Blue Shirt Campaign တွင် သပိတ်ခေါင်းဆောင်များ၊ တော်လှန်ရေးအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ တော်လှန်ရေးရဲဘော်များ၊ စစ်ကြောင်းများ၊ အနုပညာရှင်များနှင့် နိုင်ငံအသီးသီးတွင် ရောက်ရှိနေသည့် ပြည်သူများ ပူးပေါင်း ပါဝင်နေကြသည်။ 

Blue Shirt Campaign တွင် ပါဝင်ရန် အပြာရောင် အဝတ်အစားများ ဝတ်ဆင်၍ ရိုက်ကူးထားသည့် ပုံ (သို့မဟုတ်) ဗီဒီယိုဖိုင်များကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မျှဝေခြင်းဖြင့် လူထုလှုပ်ရှားမှုတွင် ပါဝင်ကြရန် ကမ်ပိန်းဦးဆောင်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...