ရှေ့တန်းပြန် တပ်မတော်သားများအား ဖိအားပေးကြိုဆိုခိုင်းမှုအပေါ် ဖလမ်းလူငယ်အဖွဲ့ ရှုတ်ချ

ရှေ့တန်းပြန် တပ်မတော်သားများအား ဖိအားပေးကြိုဆိုခိုင်းမှုအပေါ် ဖလမ်းလူငယ်အဖွဲ့ ရှုတ်ချ
by -
ခိုနူမ်းထုန်
ရှေ့တန်းမှ ပြန်လာသော တပ်မတော်သားများကို ကြိုဆိုရန် ဖလမ်းခရိုင်အထွေထွေအုပ်ချူပ်ရေးမှူးဦးစီးဌာနမှ ဒေသခံပြည်သူများအား ဖိအားပေးလုပ်ဆောင်ခဲ့သည့်အပေါ် ဖလမ်းလူငယ်အဖွဲ့က ရှုတ်ချလိုက်သည်။

ဖလမ်းမြို့တွင် တပ်စွဲထားသော ခလရ (၂၆၈) မှ ရှေ့တန်းပြန် တပ်မတော်သားများကို ကြိုဆိုရန် ဖလမ်းမြို့မှ ကျောင်း သားကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကျေးတာဝန်ရှိသူများကို အောက်တိုဘာလ ၂၉ မှ ၃၁ အထိ သုံးရက်တိုင်တိုင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဖိအားပေးခိုင်းစေခဲ့ခြင်းဖြစ်သည်။

ရှေ့တန်းတစ်နေရာသို့ လအတန်ကြာ ထွက်နေရသော ခလရ (၂၆၈)မှ တပ်မတော်သားများသည် မိမိတပ်ရင်းရှိရာ ဖလမ်းမြို့သို့ ချောမောစွာပြန်လာနိုင်သည်ကို ဖလမ်းလူငယ်အဖွဲ့အနေဖြင့် တပ်မတော်မိသားစုဝင်များကို လူသားချင်း စာနာ၍ ၀မ်းသာရပါသော်လည်း ဖလမ်းမြို့ရှိပြည်သူလူထု၏ ဆန္ဒသဘောထားမပါဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု ကာ ရှေ့တန်းပြန်တပ်မတော်သားများကိုကြိုဆိုရန် ဖိအားပေးမှု အစီအမံများချမှတ်ခဲ့သော ဖလမ်းခရိုင် အထွေထွေအုပ်ချူပ်ရေးမှူးဦးစီးဌာန၏လုပ်ရပ်ကို ရှုတ်ချသည်ဟု နိုဝင်ဘာလ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ဖလမ်းလူငယ်များအဖွဲ့ ကြေညာချက်မှာဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရန် ပြီးခဲ့သည့် ရက်ပိုင်းက ထောင်နှင့်ချီသော ချင်းပြည်သူများက ဟားခါးနှင့် ထန်တလန်မြို့တို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဖလမ်းမြို့ တွင်လည်း အောက်တိုဘာ ၂၄ ရက်နေ့က မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တမြို့လုံးဆိုင်ခန်းများပိတ်ကာ ဆုတောင်းပွဲများပြုလုပ်ခဲ့ပြီး ရက်ပိုင်းခန့်အကြာတွင် ရှေ့တန်းမှပြန်လာသော တပ်မတော်များအား ဖိအားပေးကြို ဆိုခိုင်းခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ တပ်မတော်သားများအား ဖိအားပေးကြိုဆိုခိုင်းခြင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်နှင့် တိုက်ဆိုင်ရန် အကွက်ကျကျ စီမံဆောင်ရွက်ခဲ့ခြင်းမျှသာဖြစ်ပြီး ယင်းသို့သော နိုင်ငံရေးလှည့်ကွက်ကို အသုံးချ၍ တပ်မတော်နှင့် ပြည်သူများအကြား အမုန်းပွားစေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြိုကွဲစေမည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေသောလုပ်ရပ်ကို ကျူးလွန်သည့်တာဝန်ရှိသူများကို အပြင်းအထန် ကန့်ကွက်သည်ဟု ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။

ဒီမိုကရေစီရောင်ခြည်သမ်းလာသော ယနေ့လိုချိန်ကာမျိူးတွင် ပြည်သူ့ဆန္ဒသဘောထားကိုအလေးမထားဘဲ အာဏာနဲ့ ချူပ်ချယ်ဖိအားပေးစေခိုင်းလိုသူများ၏အမူအကျင့်ဟောင်းများကို ဖလမ်းလူငယ်အဖွဲ့အနေဖြင့် ကန့်ကွက်ခဲ့၍ ဖလမ်းမြို့လူထုနှင့် ဖလမ်းမြို့အခြေပြု အရပ်ဖက်အဖွဲ့အစည်းများသည် ယင်းကြိုဆိုပွဲတွင် ပါ၀င်ခဲ့ခြင်းမရှိဟု ကြေညာချက် တွင်ပါရှိသည်။

February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...