ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကားတန်းဖြတ်အပြီး မိုင်းပေါက်ကွဲမှု ဖြစ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကားတန်းဖြတ်အပြီး မိုင်းပေါက်ကွဲမှု ဖြစ်

 ယနေ့ ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလိုက်ပါသည့် ကားယာဉ်တန်းဖြတ်အပြီး မိုင်း ၃ လုံးပေါက်ကွဲခဲ့ကြောင်း ရခို်င်ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စည်ပင်ဝန်ကြီး ဦးဝင််းမြင့်က မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

ကျောက်ဖြူမြို့နယ်မှ ပြန်လာသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လိုက်ပါလာသည့် ကားတန်းသည် မြောက်ဦးမြို့အဝင် လောင်းကြက်တောင်မော်၊ နန်းကျအကြား စစ်တွေ- ရန်ကုန်သွားကားလမ်းမရှိ တံတားတစ်ခုပေါ်တွင် ယာဉ်တန်းကျော်လွန်ချိန်၌ မိုင်း ၃ လုံးကွဲ ခဲ့ခြင်းဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ပြောသည်။

" မြောက်ဦးအဝင် တံတားအကျော်လေးမှာဖြစ်တာ ၊ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ တစ်ခါမှတော့မဖြစ်ဖူးဘူး။ ဒီလောက်တိုက်တိုက်ဆိုင်ဖြစ်တာတော့ ပထမဦးဆုံးအကြိမ်လို့ ပြောလို့ရတယ်။ အရင်တုန်းကလည်းခတစ်ခါတော့ဖြစ်တော့ ဖြစ်ဖူးပါတယ်။ ဒီလိုဖြစ်သွားတဲ့အတွက် မိမိကိုယ်ကိုယ် လုံခြုံရေးကတော့ ပိုရှိရတော့မှာပေါ့။ တစ်ခါမှလည်း မဖြစ်ဖူးသေးတော့ ကျွန်တော့ကား ဖြတ်ပြီးတဲ့အချိန် ဖြစ်တာ၊ ဝန်ကြီးချုပ်ကားနဲ့ စီမံဘဏ္ဍာဝန်ကြီးကား အရှေ့ရောက်သွားတဲ့ အချိန်ဖြစ်တာ။ ဒုန်းဆိုပြီး အသံတစ်ခုကြားလိုက်ရတာ ကားဘီးပေါက်တယ်မှတ်ပြီး ဆင်းကြည့်ခိုင်းတာ အဲကြမှ ကားနောက်ကနေ ဖုန်လုံးကြီး တက်လာတာကို တွေ့တာ အသံကြားတာတော့ တစ်ကြိမ်ပဲကြားလိုက်ရတယ်။ နောက်ပိုင်းသတင်းအရ မိုင်းက ၃ လုံးတောင်လို့ ပြောတယ်"ဟု စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမသို့ ပြောသည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် လူများထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ခရိုင်အုပ်ချုပ်ရေးမှူး၏ ကားမှန်ကွဲသွားခဲ့ပြီး တံတား၏ လက်ကိုင်ဘောင်တစ်ခု ပျက်စီးသွားကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...