မြတန်ဆောင်းဘုန်းကြီးကျောင်းတွင်ပြုလုပ်သည့်ပွဲကို အာဏာပိုင်များတားမြစ်မှုကြားက ဆက်လက်ကျင်းပ

မြတန်ဆောင်းဘုန်းကြီးကျောင်းတွင်ပြုလုပ်သည့်ပွဲကို အာဏာပိုင်များတားမြစ်မှုကြားက ဆက်လက်ကျင်းပ
မြတန်ဆောင်းဘုန်းတော်ကြီးကျောင်း ဆရာကန်တော့ပွဲအား သက်ဆိုင်ရာမှလာရောက်ဟန့်တားစဉ်
မြတန်ဆောင်းဘုန်းတော်ကြီးကျောင်း ဆရာကန်တော့ပွဲအား သက်ဆိုင်ရာမှလာရောက်ဟန့်တားစဉ်

မြောက်ဦးမြို့၊ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ကကျင်းပပြုလုပ် ရန် စီစဉ်ထားသည့် ဆရာကန်တော့ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို အာဏာပိုင်များက ပွဲကျင်းပရန် နာရီပိုင်းအလိုက လာရောက်တားမြစ်ခဲ့သော်လည်း ဆက်လက်ကျင်းပခဲ့ကြောင်း မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရကမိန့်သည်။

ဆရာကန်တော့ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို “လုံခြုံရေးအရ”ဟုဆိုကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အမိန့်ညွှန်ကြားချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ရဲတပ်ဖွဲ့ဝင်များက ပွဲမလုပ်ရန်တားမြစ်ခဲ့ခြင်းဖြစ်သည်။သို့ သော် ညနေ ၈ နာရီမှ ၁၀ နာရီအခွဲအထိ ပွဲပြီးမြောက်အောင် ကျင်းပနိုင်ခဲ့သည်ဟု ဆရာတော်က မိန့်သည်။  

“ ပညာရေးဆုပေးပွဲကို တားတယ်ဆိုတာ တမင်တကာဖိနှိပ်တာပါ။ မတရားဖိနှိပ်မှုကိုတော့ လူသား တစ်ယောက်ရဲ့ တာဝန်အရ တွန်းလှန်သွားမယ် ” ဟု ၎င်းက မိန့်သည်။

အဆိုပါပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က လာရောက်တားမြစ်စဉ်က လုံးဝပွဲမပြုလုပ်ရန်နှင့်ပွဲကျင်းပ လျှင် လာဖမ်းမည်ဟု ပြောကြားခဲ့သည်ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။

မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းတွင် ဆရာကန်တော့ပွဲ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူ များအားဆုပေးပွဲများနှင့် ရခိုင်အဆိုတော်အချို့က တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းက သွားရောက် တားမြစ်ခြင်းကို  လိုက်နာမှုမရှိဘဲပွဲဆက်လက်ကျင်းပခဲ့သော်လည်း တစ်စုံတစ်ရာအရေးယူရန်  မရှိကြောင်း မြောက်ဦး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က ပြောသည်။

“ကျနော်တို့ကတာဝန်အရ ဆရာတော်ကိုသွားပြောတာပေါ့နော်။ ပြောတဲ့အခါ ဆရာတော်က လိုက်နာမှု မရှိဘဲအဲ့လိုလုပ်တာပဲ။ အထက်အဖွဲ့အစည်းရဲ့ ညွှန်ကြားချက် ဒီလိုရှိတယ်ဆိုတာ သွားလျှောက်တာ။ တခြားတော့ မရှိပါဘူး ” ဟု ၎င်းကပြောသည်။

မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီလတွင်  မြောက်ဦးမြို့တွင် ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နှင့် ဘောလုံးပွဲကျင်းပခဲ့မှုကြောင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရပြီး ၂၀၁၈ ဧပြီလတွင် လွတ်မြောက်လာခဲ့သည်။

ထိုသို့ ဆရာတော်ဖမ်းဆီးခံရမှုကြောင့်  မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကိုလည်း အစိုးရကက ပိတ်သိမ်းလိုက်ကာ ယခင် အထောက်အပံ့ပေးနေမှုများကိုလည်း ရပ်ဆိုင်းလိုက် ခြင်းကြောင့် အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားနေကြသည့် KG တန်းမှ အထက်တန်း အထိ ကျောင်းသား ၂၀၀ ကျော်မှာ ပညာဆက်လက်သင်ကြားရန် အခက်အခဲဖြစ်နေကြသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...