မကွေးတွင် ရေနံပီပါများကို ခွင့်ပြုသည်ထက် ရာဂဏန်းနီးပါးပိုမိုတင်ဆောင်နေ၍ စစ်ဆေးအရေးယူမည်

မကွေးတွင် ရေနံပီပါများကို ခွင့်ပြုသည်ထက် ရာဂဏန်းနီးပါးပိုမိုတင်ဆောင်နေ၍ စစ်ဆေးအရေးယူမည်

မကွေးတိုင်းဒေသကြီးအတွင်းမှ တိုင်းကျော်သယ်ဆောင်ခွင့်ပြုထားသည့် ရေနံပီပါတင်ကားများတွင် သတ်မှတ်အရေအတွက်ထက် ပိုတင်ဆောင်မှုများ ရှိနေသောကြောင့် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

“ ရေနံလက်ယက်တွင်းတွေက ထွက်ရှိတဲ့ ရေနံတွေကို မျှောစာနဲ့ အခွန်ကောက်ခံပြီး တိုင်းကျော်သယ်ဆောင်ခွင့်ပြုထားတဲ့ ရေနံပီပါတင်ကားတွေမှာ သတ်မှတ်အရေအတွက်ထက် ပိုတင်ဆောင်မှုများ ရှိနေတယ်ဆိုပြီး တိုင်ကြားထားတာတွေ ရှိနေပါတယ်" ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ရေနံပီပါတင်ကားတစ်စီးအတွက် ပီပါအလုံး ၁၅၅ လုံးသယ်ဆောင်ခွင့်ပြုပါက စစ်ဆေးကြည့်သည့်အခါ ပီပါ ၂၂၀ လုံးအထိ ဖြစ်နေကြောင်း မကွေးတိုင်း ဝန်ကြီးချုပ်က ဆိုသည်။

" ရေနံပီပါတင်ကားတစ်စီးအတွက် ပီပါအလုံး ၁၅၅ လုံး ခွင့်ပြုလိုက်တယ်၊တိုင်လို့စစ်ဆေးတော့ ပီပါ ၂၂ဝ အလုံးဖြစ်နေတယ်။ကားတစ်စီးကို ပီပါ ၅ လုံး၊ ၁၀ လုံး ပိုတင်တာ ခွင့်ပြုထားတာ။  အခုက ကားတစ်စီးကို ပီပါ အလုံး ၅၀၊ ၁၀၀ အထိ ပိုတင်နေတာတွေ ရှိတယ်။  နေ့စဉ်နဲ့အမျှ  နိုင်ငံတော်အခွန်အတုပ်မှာဆယ်ဂဏန်း၊ရာဂဏန်း နစ်နာနေတာတွေ ရှိပါတယ်။နောက်ပိုင်း ဒါမျိုးတွေ မလုပ်နိုင်အောင် ကန့်သတ်မှုတွေ၊   စစ်ဆေးအရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ" ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှစ၍ မျှောစာဖြင့် ရေနံစိမ်းတိုင်းကျော်သယ်ယူခွင့်ကို ယခင်တစ်ပီပါ ကျပ် ၃ဝဝဝ မှ ကျပ် ၅ဝဝဝ ၊ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ရေနံလုပ်ကွက်သက်တမ်းတိုးပါက တစ်ဧကမြေငှားခကို ယခင် ကျပ် ၃ဝဝဝ မှ ကျပ် ၃ဝဝဝဝဝ သို့ အခွန်နှုန်းထားတိုးမြှင့်ခြင်းများ လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် ပခုက္ကူမြို့နယ်အတွင်း အသေးစားရေနံချက်စက်ရုံဇုန်ဖော်ဆောင်ရန် ဗဟိုအစိုးရထံ တင်ပြထားရှိကြောင်း သိရသည်။

 ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ယခုနှစ်အထိ အစိုးရသက်တမ်း (၂နှစ်ခွဲ)အတွင်း မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းများမှ အခွန်ငွေစုစုပေါင်း ကျပ်ငွေသန်းပေါင်း(၈၀၀၀)ကျော် ရရှိခဲ့ပြီဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...