စစ်ဘေးရှောင်များအား အစားအသောက်ကူညီရန်သွားသည့် ပရဟိတအဖွဲ့များ တားမြစ်ခံရ

စစ်ဘေးရှောင်များအား အစားအသောက်ကူညီရန်သွားသည့် ပရဟိတအဖွဲ့များ တားမြစ်ခံရ

ကျောက်တော်မြို့နယ် ယိုးချောင်းဒေသ သလူချောင်းကျေးရွာရှိ စစ်ရှောင်ဒုက္ခသည်စခန်းသို့ ကူညီ ကယ်ဆယ်ရေးပေးရန်သွားရောက်သည့် ကျောက်တော်လူငယ်အဖွဲ့ကို ယနေ့ ဒီဇင်ဘာလ ၂၃ ရက် နေ့တွင် တောင်မင်းကုလားရွာ၌စစ်တပ်မှတားမြစ်လိုက်ကြောင်း ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ကပြောသည်။

“ကျောက်တော်မြို့ပေါ်က ကလေးတွေက အမျိုးသားရေးစိတ်ဓာတ်နဲ့ ကယ်ဆယ်ရေးပေးမယ့်လို့ သွားတာ ကန်စောက်ကထွက်တာနဲ့ တောင်မင်းကုလားရွာမှာ ဟန့်တားတာပေါ့။ အစိုးရတပ်က သွားခွင့်မပေးပါဘူး။ အထက်မှာ ပစ္စည်းပို့ခွင့်ကို မပေးဘူး။ လူစာရင်း မှတ်ပုံတင်နံပါတ်တွေ တောင်းတယ်။ လူကိုလည်းခွင့်မပြုဘူး အထက်က ညွှန်ကြားတယ်လို့ပြောတယ် ” ဟု ၎င်းက ပြောသည်။

ယခုသွားပေးမည့်ပစ္စည်းများမှာ ဆန်၊ ဆီ၊ ငါးခြောက်နှင့် အဝတ်အထည်စသည့် အရေးပေါ် လိုအပ်သော အသုံးအဆောင်များပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပေးမည့်ကိစ္စအား ခွင့်မပြုသည့်အတွက် စစ်ရှောင်များအနေဖြင့် နစ်နာကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

“သူတို့ဝယ်လာတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို အခုလိုပို့ခွင့်မရတဲ့ကိစ္စဟာ ဒီမိုကရေစီကိုသွားနေတဲ့ ခေတ်မှာ   ပြည်သူလူထုက နစ်နာတာပေါ့နော်။ ဒီဒေသကလူတွေက တောတောကို မှီခိုပြီး လုပ်စားနေရတာပါ။ အခုလိုဖြစ်သွားတယ်ဆို့ အများကြီးစိတ်မကောင်းလည်းဖြစ်မိတယ် ” ဟု ၎င်းကပြောသည်။

တောင်မင်းကုလားကျေးရွာတွင် တပ်မတော်မှ ယာယီတပ်စခန်းချထားပြီး အသွားအပြန် ခရီးသည် များအား စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်ကာ  ယနေ့ တားမြစ်လိုက်သည် အထဲတွင် ကျောက်တော်မြို့ပေါ် လူငယ်အဖွဲ့နှင့်အတူ စစ်တွေမှ အနောက်တံခါး ကူညီစောင့်ရှောက်ရေး အဖွဲ့လည်းပါဝင်ကြောင်း သိရသည်။

လက်ရှိယိုးချောင်းအထက်ပိုင်းဒေသတွင် ကန်စောက်၊ သလူချောင်း၊ င/စရိုင်းကိုင်း၊ ကျွန်းသာယာ၊ ပညာဝ စသည့်ကျေးများတွင် စစ်ဘေးရှောင်ဒုက္ခသည် အများအပြားရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များလိုအပ်နေကြောင်းလည်း သိရသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...