ဒုရဲမှူးဟောင်း မိုးရန်နိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဂုဏ်ပြုဆု ရရှိ

ဒုရဲမှူးဟောင်း မိုးရန်နိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဂုဏ်ပြုဆု ရရှိ

ရိုက်တာ သတင်းထောက်နှစ်ယောက်အမှု ကိစ္စနှင့် ပတ်သက်ပြီး လွတ််လပ်စွာထုတ်ဖော် ပြောဆိုခွင့်အတွက် ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို Pen Myanmar မှ ဂုဏ်ပြု ဆုပေးအပ်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုဆုကို ဒီဇင်ဘာ၂၂ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်တွင်  ပြုလုပ်ခဲ့သည့် Pen Myanmar ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အထွေထွေ ညီလာခံ၌ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

" ဒီလိုအမှန်တရားအတွက် ရပ်တည်ခဲ့တဲ့သူတစ်ယောက်က အကျဉ်းထောင်ထဲ ရောက်သွားတဲ့အချိန်မှာ ဒီလူ ဟာ  မှန်တာပြောခဲ့တာပဲ ဆိုတာနဲ့ မပြီးဘူး။ ကျွန်တော်တို့က ဝန်းရံပေးဖို့လိုတယ်။ သူ့ကို စိတ်ပိုင်းဆိုင်ရာ ပ့ံပိုးဖို့ လိုတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ အဲဒီအတွက် ဒီနိုင်ငံဝန်ထမ်းဟောင်း တစ်ယောက်အနေနဲ့  သူလုပ်ခဲ့တဲ့ အလုပ်ကို ဂုဏ်ပြုတာ၊ သူ့မိသားစုကို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။" ဟု Pen Myanmar ဥက္ကဋ္ဌ  ဦးမျိုးမြင့်ငြိမ်းက ပြောသည်။

Pen Myanmar အဖွဲ့က ဂုဏ်ပြုဆု တံဆိပ်အပြင် ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ မိသားစုအတွက် ထောက်ပံ့ကြေး ဆယ့်ငါးသိန်း ခြောက်သောင်းကို ပေးအပ်ခဲ့ပြီး ၎င်း၏ညီဖြစ်သူ ကိုရဲဝင်းနို်င်က ကိုယ်စား တက်ရောက် ဆုယူခဲ့သည်။

" ကျွန်တော့်အကိုက သူလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် နောင်တရတာ မရှိပါဘူး။ ဒါပေမဲ့ သူ့ဒီလိုလုပ်ခဲ့တဲ့အတွက် သူ့သားသမီးတွေ၊ သူ့မိသားစုတွေအပေါ် ပညာရေးရော၊စီးပွားရေး ထိခိုက်ခဲ့တာကိုတော့ သူ စိတ်မကောင်းဖြစ်တယ်။ သူ့သားသမီးတွေကို အဲဒီအတွက် တောင်းပန်သလိုပြောတာမျိုးတော့ရှိတယ်။" ဟု ဒုရဲမှူးဟောင်း မိုးရန်နိုင်၏ ညီဖြစ်သူ ကိုရဲဝင်းနိုင်က ပြောသည်။

ရိုက်တာသတင်းထောက်နှစ်ယောက်ကို အကွက်ဆင် ထောင်ဖမ်းခဲ့ခြင်းဟု ထုတ်ဖော်ပြောကြားခဲ့သည့် ဒုရဲမှူးဟောင်းမိုးရန်နိုင်မှာ တာဝန်မှ ရပ်စဲခံခဲ့ရပြီး ရဲတပ်ဖွဲ့ စည်းကမ်းချိုးဖောက်သည်ဟု ဆိုကာ ထောင်ဒဏ် တစ်နှစ်ကျခံရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...