ဒေါက်တာအေးမောင်သားအတွက် မဲဆွယ်ပေးသူဟုဆိုကာ ဦးအောင်သောင်းရွှေအား ANP ပါတီက အရေးယူမည်ဟု ပြောဆိုချက်အပေါ် ပါတီဘက်ကငြင်းဆို

ဒေါက်တာအေးမောင်သားအတွက် မဲဆွယ်ပေးသူဟုဆိုကာ ဦးအောင်သောင်းရွှေအား ANP ပါတီက အရေးယူမည်ဟု ပြောဆိုချက်အပေါ် ပါတီဘက်ကငြင်းဆို

(ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ။ ဓာတ်ပုံ - ၎င်း၏ဖေ့ဘွတ်ခ်)

ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင်သား ဦးတင်မောင်ဝင်းအတွက် မဲဆွယ်ပေးသည်ဟုဆိုကာ ရခိုင်အမျိုးသားပါတီအမတ် ဦးအောင်သောင်းရွှေကို အရေးယူမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဖေသန်း၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ပါတီတွင်း တစ်စုံတစ်ရာ အရေးယူရန် ဆုံးဖြတ်ထားခြင်း မရှိသေးဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က DMG ကို ပြောသည်။

ရခိုင်အမျိုးသားပါတီ(ANP) အနေဖြင့် ဘူးသီးတောင်မြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေအား အရေးယူမည်ဟု  ဦးဖေသန်း၏ ပြောကြားချက်မှာ သူ၏အာဘော်သာဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။

“ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခြားပါတီကို မဲဆွယ်ပေးတဲ့အတွက်ကြောင့် ဦးအောင်သောင်းရွှေကို  ပါတီက အရေးယူနိုင်ဖွယ်ရှိတယ်လို့ သူ့အမြင်ကိုပဲ ပြောတာပါ။ ပါတီက တရားဝင် ဘာမှမပြောသေးပါဘူး ” ဟု ၎င်းကပြောသည်။

ပါတီစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်လျှင် မည်သူ့ကိုမဆို အရေးယူမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ တစ်ဦးတစ်ယောက်ကိုမှ ပါတီအနေဖြင့် အရေးယူရန် ဆုံးဖြတ်ထားခြင်းမရှိသေးဟု  ဦးထွန်းအောင်ကျော်က ဆိုသည်။

“ ပါတီတစ်ခုကနေပြီးတော့ စည်းမျဉ်းစည်းကမ်းနဲ့ ပါတီဖွဲ့စည်းအုပ်ချုပ်ပုံ ပါတီဘောင်ထဲကနေပြီးတော့ စည်းမျဉ်းစည်းကမ်းအတိုင်း သွားနေတဲ့ ပါတီဖြစ်တဲ့အတွက် ပါတီစည်းကမ်းကို ချိုးဖောက်ရင်တော့ ပါတီစည်းမျဉ်းနဲ့ မကိုက်တဲ့လူတွေကိုဖြစ်စေ၊ ပါတီက မကိုက်တဲ့လုပ်ငန်းတွေကိုဖြစ်စေ အဓိက အရေးယူရမှာက ပါတီတာဝန်ဖြစ်ပါတယ်။ သို့သော် ဘယ်သူတွေကို အရေးယူမယ်ဆိုတာကို အခုကတော့ ပါတီက တစ်ခုမှ ဆောင်ရွက်တာ မရှိသေးပါဘူး။  ” ဟု ပြောသည်။

ဦးအောင်သောင်းရွှေအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ဒေါက်တာအေးမောင်သားအတွက် မဲဆွယ်ပေးခဲ့ခြင်းမရှိဟု တုန့်ပြန်သည်။ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ရသေ့တောင်သို့ သွားရောက်ခြင်းမှာ ရသေ့တောင်မြို့အခြေစိုက် မေယုရင်သွီးအဖွဲ့က ကျင်းပသည့် ဒေါက်တာအေးမောင်၏ မွေးနေ့ပွဲသို့ ဘူးသီးတောင်ဒေသခံများနှင့်အတူ သွားရောက်ခြင်းသာဖြစ်ကြောင်း ဦးအောင်သောင်းရွှေက DMG ကို ပြောသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...