ရခိုင်စာသင်ကြားမည့် ဆရာ၊ဆရာများ ပထမဆုံးအကြိမ်အဖြစ် ခန့်အပ်မည်

ရခိုင်စာသင်ကြားမည့် ဆရာ၊ဆရာများ ပထမဆုံးအကြိမ်အဖြစ် ခန့်အပ်မည်

ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများတွင် ရခိုင်စာသင်ကြားရန်အတွက် နေ့စားလပေး ဆရာ၊ဆရာမများ ခန့်ထားမည်ဖြစ်ကာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့အတွင်း လျှောက်ထားနိုင်ကြောင်း ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်အတွင်းတွင် တိုင်းရင်းသားဘာစာပေသင်ကြားရန် ဆရာ၊ဆရာမများ ခေါ်ယူခဲ့ သည်။သို့သော် ချင်းတိုင်းရင်းသားများသာ လျှောက်ခွင့်ရခဲ့ပြီး ရခိုင်များမှာမူ လျှောက်ထားခွင့်မရရှိခဲ့ပေ။ ယခုနှစ် အတွင်းတွင် စည်းကမ်းချက်တစ်ချို့ကို ပယ်ဖျက်လိုက်သောကြောင့် ရခိုင်များမှာ ပထမဆုံးအကြိမ်အဖြစ် လျှောက်ထားခွင့်ရကြသည်ဟု ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဦးကျော်ဝင်းက DMG ကိုပြောသည်။

“ပြီးခဲ့တဲ့နှစ်ကလည်း တိုင်းရင်းသားဘာသာစာပေသင်ကြားဖို့အတွက်ခေါ်ခဲ့တယ်။ပြီးခဲ့တဲ့နှစ်က ခေါ်ခဲ့တုန်းကတော့ ချင်းတိုင်းရင်းသားတစ်မျိုးပဲ လျှောက်လို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စည်းကမ်းချက် တစ်ချက်မှာ လက်ရှိ စာပေသင်ကြားနေတဲ့ ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ကြေး သုံးသောင်းရတဲ့သူတွေ ဖြစ်ရမယ်ဆိုပြီး စည်းကမ်းချက်တစ်ချက်ပါတယ်။အဲဒါကြောင့် ရခိုင်တွေ လျှောက်လို့မရခဲ့ဘူး။ ရခိုင်မှာက သုံးသောင်း ထောက်ပံ့ကြေးယူပြီး သင်နေတဲ့သူတွေမရှိဘူး။လက်ရှိ ဆရာ၊ဆရာမတွေက ကျောင်းချိန်ပြင်ပမှာ ထောက်ပံ့ကြေးသုံးသောင်းထောက်ပံ့ကြေးယူပြီးသင်နေတယ်။သူတို့က ဝန်ထမ်းဖြစ်နေတော့ လျှောက်မရဘူး။ ချင်းတိုင်းရင်းသားတွေက သုံးသောင်း ထောက်ပံ့ကြေးယူပြီး သင်ကြားနေလို့ ချင်းတိုင်းရင်းသား (၁၄၃)ယောက်ခန့်လိုက်တယ်။ဒီနှစ်တော့ အဲဒီစည်းကမ်းမပါဘူး။အားလုံးသူ လျှောက်လို့ရတယ်  ” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရခိုင်တိုင်းရင်းသာဘာစာပေနှင့်ချင်းတိုင်းရင်းသာဘာစာပေသင်ကြားခွင့်ကို ပြီးခဲ့သည့် နှစ်အနည်းငယ်က စတင်ပြီး တရားဝင်ခွင့်ပြုထားသည်။ပြီးခဲ့သည့်နှစ်က ချင်းတိုင်းရင်းသားများ တွင် စာသင်ချိန်အတွင်း မိမိစာပေကို သင်ကြားခွင့်ရရှိခဲ့ပြီး ရခိုင်များမှာ ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားခွင့် ရရှိခဲ့သည်ဟု ဦးဦးကျော်ဝင်းက ဆက်လက်ပြောသည်။

မိမိတို့၏ စကား၊စာပေ၊အနုပညာ၊ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာသာသနာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်ဟု တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် ပြဌာန်းချက်အရ ရခိုင်စာသင်ကြားမည့် အစီအစဉ်ကို အကောင်အထည်ဖော်နေခြင်းဟု ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက သိရသည်။

တိုင်းရင်းသားဘာသာစာပေသင်ကြားမည့် ဆရာ၊ဆရာမအဖြစ်လျှောက်ထားရာတွင် အနိမ့်ဆုံးပညာအရည် အချင်း(၉)တန်းအောင်ရမည်ဖြစ်ကာ ပညာအရည်အချင်း ပိုမိုမြင့်မားသူကို ဦးစားပေးရွေးချယ်မည်။ မြန်မာ ဘာသာစကားနှင့်ပြဌာန်းထားသည့် သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ အရေး၊အဖတ်၊ အပြော သင်ကြားနိုင်သူဖြစ်ပြီး မူလတန်းအောက်ဆင့် KG ၊ပထမတန်း၊ဒုတိယတန်း၊ကျောင်းသင်ခန်းစာ ပြဌာန်း ချက်များကို သင်ကြားနိုင်သူဖြစ်ရမည်ဟု တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက ကြေငြာထားသည်။

“တိုင်းရင်းသားတွေဟာ ကိုယ့်စာပေ ယဉ်ကျေးမှုကို တတ်ဖို့လိုတယ်။ စာပေယဉ်ကျေးမှုကို တက်မြောက်ဖို့ လိုတယ်။ရှင်းရှင်းပြောရင် စာပေယဉ်ကျေးမှုပျောက်သွားရင် လူမျိုးပါ ပျောက်သွားလိမ့်မယ်။ အခု စာပေ၊ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းတွေကို ဖော်ထုတ်ခွင့်ရတယ်။အဲဒါကို နောင်လာနောက်သားတွေက လက်ဆင့်ကမ်းထိန်းသိမ်းဖို့အတွက် အထူးအထောက်အပံ့ဖြစ်မယ်  ”ဟု တိုင်းရင်းသားစာပေ သင်ကြားမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ဦးကျော်ဝင်းက ပြောသည်။  

ရွေးချယ်ခံရပါက ခန့်ထားသော ဒေသကျောင်းတွင် အနည်းဆုံး (၃) နှစ်ဆက်တိုက် တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ဒေသခံများကို ခန့်အပ်ခြင်းဖြစ်သည့်အတွက် နေရာပြောင်းရွှေ့ လျှောက်ထားမှုကို လက်ခံမည်  မဟုတ်ဟု ကြေငြာချက်တွင် ပါဝင်သည်။

စာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေကိုသင်ယူလိုသူ မူလတန်းကျောင်းသား၊ကျောင်းသူ (၁၀) ဦးမှ (၁၀၀) ဦးအထိရှိပါက ဆရာ၊ဆရာမ (၁)ဦးနှုန်း၊(၁၀၁)ဦးမှ (၂၀၀)ထိရှိပါက ဆရာ၊ဆရာမ (၂) ဦးနှုန်းဖြင့် ခန့်ထားပေးမည်ဖြစ်ကာ သင်ကြားမည့် တိုင်းရင်းသားဘာသာအရေအတွက်အရ လိုအပ်ပါက ခန့်ထားပေးမည် ဟုလည်း အဆိုပါ ဝန်ကြီးဌာနက ကြေငြာထားသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...