ရခိုင်ပြည်အတွင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂၀၀ ကျော်ထပ်တိုးလာ

ရခိုင်ပြည်အတွင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂၀၀ ကျော်ထပ်တိုးလာ
ဓါတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝန်းချောင်းကျေးရွာမှ သင်းပုန်းတန်းကျေးရွာသို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ခိုလှုံရန်ရာက်ရှိနေကြသည့် စစ်ဘေးရှောင်များအားတွေ့ရစဉ်
ဓါတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝန်းချောင်းကျေးရွာမှ သင်းပုန်းတန်းကျေးရွာသို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ခိုလှုံရန်ရာက်ရှိနေကြသည့် စစ်ဘေးရှောင်များအားတွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ကျေးရွာ ၂ ရွာမှ လူဦးရေ ၂၀၀ ကျော် ထပ်မံစစ်ဘေးတိမ်းရှောင်လာကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်စရောင်ကျေးရွာနှင့် သဗြုချောင်းကျေးရွာတို့မှ ကျေးရွာသား ၂၀၀ ကျော်တို့သည် ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် သင်းပုန်းတန်းကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိလာကြသည်ဟု သင်းပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။

“ကျွန်တော်တို့ရွာကို စစ်ဘေးရှောင်တွေလာနေပါတယ်။ လူဦးရေ ၂၀၀ ကျော်လောက်ရှိမယ်ထင်ပါတယ်။ အတိ ကျတော့ မသိရသေးပါ။ အခုသူတို့ လမ်းမှာရှိနေတာပါ။ ဒီရွာကို ခန့်မှန်းခြေ ညနေ ၅ နာရီလောက်ဆိုရင်ရောက်မယ်” ဟု ၎င်းက ယမန်နေ့ နေ့လည် ၂ နာရီအချိန်တွင် DMG သို့ ပြောသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝန်းချောင်းကျေးရွာမှ မြိုတိုင်းရင်းသား ၄၀ ကျော်မှာ စစ်ဘေးဒုက္ခသည်အဖြစ် သင်းပုန်းတန်းကျေးရွာသို့ ခိုလှုံရောက်ရှိနေကြသည်။

အဆိုပါ စစ်ဘေးရှောင်ဒုက္ခသည်များအား လူမှုအဖွဲ့အစည်းအချို့မှ အစားအသောက်များ သွားရောက်ကူညီ ပေးမှုရှိသော်လည်း ယခုဆောင်းရာသီဖြစ်သောကြောင့် ဒုက္ခသည်များအတွက် နေထိုင်ရန်ယာယီတဲများ၊ အဝတ်အထည်နှင့် စောင်များ လိုအပ်မှုရှိနေကြာင်း ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်းမှ ပြန်ကြားရေး တာဝန်ခံ ကိုအောင်ကျော်ကပြောသည်။

“တောဖျားချောင်းက စစ်ရှောင်ဒုက္ခသည်တွေအတွက် ရွက်ဖျင်တဲ၊ အဝတ် အထည်၊ စောင်၊ ဖျာတွေလိုအပ်နေပါတယ်။ ဒီဒေသက အရမ်းအေးတဲ့ဒေသပါ။ ကျွန်တော်တို့အသင်းကနေ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်တွေ တတ်နိုင်သလောက်ပေးခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုများရှိ သော်လည်း ဒီဇင်ဘာလ ၁၂ ရက်နေ့ တရုတ်နိုင်ငံ၌ဆွေးနွေးမှုအပြီးတွင် စစ်ရေးရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်း အရဆောင်ရွက်ရန်ဆန္ဒရှိကြောင်း AA ၊ TNLA ၊ MNDAA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ပူးတွဲ သဘောထားထုတ်ပြန်ခဲ့သည်။

၎င်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်းနှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက် ကိုင်များ ပူးပေါင်းပါဝင်လာနိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က သဘောထား ထုတ်ပြန်ခဲ့သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...