လူဦးရေ သန်း ၁၀၀ အတွက် လုံလောက်သည့်အခြေခံအဆောက်အဦများ ယခင်အစိုးရများ လုပ်ဆောင်ထားပြီးဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော

လူဦးရေ သန်း ၁၀၀ အတွက် လုံလောက်သည့်အခြေခံအဆောက်အဦများ ယခင်အစိုးရများ လုပ်ဆောင်ထားပြီးဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော

ယခင်အစိုးရအဆက်ဆက်ကတည်းက လူဦးရေ သန်း၁၀၀ ခန့်ကို ကျွေးမွေးနိုင်သည့် စိုက်ပျိုးရေး အခြေခံ အဆောက်အဦများကို ဆောက်လုပ်ပေးထားခဲ့ပြီးဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

“ မြန်မာနိုင်ငံရဲ့ အကျယ်အဝန်းပမာဏက တကယ်ဆိုရင် လူဦးရေ သန်းရာနဲ့ချီပြီးတေ့ာ နေထိုင်လုပ်ကိုင် စားသောက်နိုင်တဲ့ပမာဏ ရှိပါတယ်။ လူဦးရေ အနည်းဆုံး သန်း၁၀၀ လောက်ကို ကျွေးနိုင်၊ မွေးနိုင်ဖို့အတွက် စိုက်ပျိုးရေး အခြေခံအဆောက်အဦတွေကို ယခင် အစိုးရအဆက်ဆက်က ကြိုးစား ဖန်တီးပေးထားခဲ့ပြီး၊ ပေးထားပြီးသား ဖြစ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ပြောသည်။

ဒီဇင်ဘာ ၁၂ ရက်၊ နေပြည်တော်ရှိ USDP ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ ဒုတိယနေ့ အဖွင့်မိန့်ခွန်းတွင် ဦးသန်းဌေးက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အရွယ်ကောင်း ကျား၊မ များလျော့နည်းလာမှုအပေါ်တွင် အစိုးရမှ ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်း ပေါ်လာစေရန် လုပ်သားအများအပြား အသုံးပြုရသည့် စက်ရုံများ တည်ထောင်ပေးရန် အစိုးရတွင် တာဝန်ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

“နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု မရှိခြင်းကလည်းပဲ အသက်မွေးဝမ်းကျောင်းမှုနဲ့ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို တိုက်ရိုက် ထိခိုက်ပျက်စီးစေတာဖြစ်တဲ့အတွက် ဒီနေ့ တစ်နိုင်ငံလုံး ကြိုးပမ်းဆောင်ရွက် နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး အကောင်အထည်ဖော် အောင် ကျွန်တော်တို့ ပါတီဝင် ပြည်သူလူထု တစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်း ညီလာခံကို ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီဗဟိုအလုပ်မှုဆောင်များ အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ညီလာခံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...