Vulmawi တီးဝိုင်း ဂီတသက်တမ်း နှစ် ၄၀ ပြည့် အထိမ်းအမှတ် ကျင်းပမည်

Vulmawi တီးဝိုင်း ဂီတသက်တမ်း နှစ် ၄၀ ပြည့် အထိမ်းအမှတ် ကျင်းပမည်
ဇိုး(ချင်း)မျိုးနွယ်စုများ၏ နှလုံးသားထဲတွင် ယနေ့ချိန်ထိ ရှင်သန်နေဆဲ Vulmawi တီးဝိုင်းသည် ၎င်းတို့ဂီတသက်တမ်း နှစ် ၄၀ ပြည့်ခရီးအထိမ်းအမှတ်ပွဲကြီးကို လာမည့် နိုဝင်ဘာလ ၁၇-၁၈ ရက်နေ့၌ ကလေးမြို့ တာဟန်းတွင် ကြီးကျယ်ခမ်း နားစွာ ကျင်းပမည်ဟုသိရသည်။

Vulmawi3အဆိုပါ နှစ် ၄၀ ပြည့်ပွဲတွင် Vulmawi တီးဝိုင်းမှ အဖွဲ့ဝင်များဖြစ်ကြသော Buta, Siama, Lalruanga, Tawna တို့မှ လှိုက်ရှိုးဖြင့် ၎င်းတို့အောင်မြင်ကျော်ကြားခဲ့သော သီးချင်းများကိုပြန်လည်သီဆိုကြမည်ဖြစ်ပြီး၊ ကလေးမြို့တာဟန်း အခြေစိုက် T.Melody, Zoforce စသည့် အောင်မြင်နေသောတီးဝိုင်းအဆိုတော်များကလည်း ပါ၀င်အားဖြည့် ကြမည် ဖြစ်သည်။

ထို့အပြင် Vulmawi Icon သီချင်းဆိုပြိုင်ပွဲ၊ ဘော်လီဘော၊ ကြက်တောင် စသည့်အားကစားများကိုလည်း ကျင်းပသွားမည် ဟု သိရသည်။

၁၉၇၆ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Vulmawi တီးဝိုင်းတွင် Siama, Hmingliana, Thawngnoa, Butta, Lalruanga, Zothana, Salai Tawna, Zara နှင့် Ronghaka တို့ပါ၀င်ပြီး သူ့ခေတ်သူ့အခါတုန်းက ဇိုးမျိုးနွယ်စုများ အကြားလျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားသည့် တီးဝိုင်းဖြစ်သည်။

ယခုအခါ အဖွဲ့ဝင် ၄ ဦးဖြစ်သည့် Thawngnoa, Zothana, Ronghaka နှင့် Zara တို့သည် ကွယ်လွန်သွားကြပြီဖြစ်ပြီး ကျန်သည့် ၅ ဦးမှာလည်း ဆွစ်ဇာလန်၊ အမေရိကန်၊ မီဇိုရမ်နှင့် ကလေးမြို့တို့တွင် နေထိုင်လျက်ရှိကြသည်။ ယခုပွဲသည် Vulmawi အဖွဲ့သားများ နှစ်ပေါင်းများစွာ ခွဲကွာခဲ့ကြပြီးနောက် ပြန်လည်ဆုံတွေ့ကြမည့်ပွဲလည်းဖြစ်သည်။

နှစ် ၄၀ ပြည့် အထိမ်းအမှတ်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေရှာဖွေသည့်အနေဖြင့် Vulmawi Nite concert ကို နိုဝင်ဘာ ၅ ရက်နေ့ညတွင် မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်ရှိ ဟိုတယ် Floria Rooftop တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းအစီစဉ်တွင် Vulmawi အဖွဲ့သားများဖြစ်သည့် Butta နှင့် Siama တို့လည်း ပါ၀င်သီဆိုကြမည့်အပြင် မီဇိုရမ် ပြည်နယ် နာမည်ကျော် အဆိုတော် ၁၀ ဦးတို့က Vulmawi အဖွဲ့၏ အထင်ကရ ဂန္ထဝင်သီချင်းများကို ပြန်လည်သီဆိုကြမည်ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...