သုံးမိုင်ခန့်ဝေးကွာသည့် ကျောင်းသို့ စာပြရန်ခြေလျင်သွားသည့် ဆရာမတစ်ဦး လမ်းတွင်အသတ်ခံရ

သုံးမိုင်ခန့်ဝေးကွာသည့် ကျောင်းသို့ စာပြရန်ခြေလျင်သွားသည့် ဆရာမတစ်ဦး လမ်းတွင်အသတ်ခံရ

ရမ်းဗြဲမြို့နယ်၊ စေရင်းကျေးရွာမှ မူလတန်းပြဆရာမတစ်ဦး ယနေ့(ဒီဇင်ဘာလ ၁၀ ရက်နေ့)၊ နံနက် ၁၀ နာရီကျော်ခန့်က သူတာဝန်ကျနေသည့် တောင်ရွာ မူလတန်း ကျောင်းသို့ စာသင်ပြရန် ခြေလျင်သွားစဉ် လမ်း၌အသတ်ခံရမှုကြောင့် သေဆုံးသွားသည်ဟု ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

သေဆုံးသူမှာ အသက် (၂၇)နှစ်အရွယ်ရှိ ဒေါ်မေဇင်နှင်းဖြစ်သည်။ သူသည် မိမိနေအိမ်မှ သုံးမိုင်ခန့် ဝေးကွာသည့် အတွင်းပြင် အုပ်စု၊ တောင်ရွာရှိ မူလတန်းကျောင်းသို့ ခြေလျင်လျှောက်သွားခဲ့သည်။ နေ့လည်  ၁၂ နာရီအချိန်အထိ ကျောင်းသို့ ရောက်ရှိမလာသောကြောင့် ကျောင်းအုပ်ဆရာမကြီးက သူ့မိဘများထံ ဖုန်းဆက် အကြောင်းကြားခဲ့သည်။

ယင်းကြောင့် ဖခင်ဖြစ်သူက လိုက်လံရှာဖွေရာ အချိန်ပြင်ကျေးရွာအနီး ကားလမ်းမဘေးရှိ ချောက်ထဲတွင် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရသည်။ ၎င်းမှာ ပါးစပ်မှ သွေးထွက်ပြီး လည်ပင်း၌ ညိုမဲဒဏ်ရာများ၊ မအင်္ဂါစပ်မှ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း DMG က ရရှိသည့် ရဲမှတ်တမ်းများအရ သိရသည်။

မမေဇင်နှင်းမှာ နေအိမ်မှ ကျောင်းသို့ တစ်ဦးတည်း နေ့စဉ်ခြေလျင်သွားကြောင်း၊ လမ်းမှာ လူပြတ်လပ်ကြောင်း၊ ကျောင်းသို့သွားစဉ် လမ်း၌ လူပြတ်လပ်ကာ ပြစ်မှုကျူးလွန်သူနှင့် တွေ့၍ တစ်ဦးတည်း အဖော်မပါဘဲ သွားနေသည်ကို အခွင့်ကောင်းယူကာ ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း လေးတောင်နယ်မြေရဲစခန်းက သုံးသပ်သည်။

လက်ရှိတွင် တရားခံအား ဖမ်းဆီးရမိခြင်းမရှိသေးပေ။ အမှုနှင့်ပတ်သက်ပြီး လေးတောင်နယ်မြေ ရဲစခန်းက (ပ) အမှတ် ၃၁/၂၀၁၈၊ ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...