မောင်တောမြို့နယ်မြောက်ပိုင်း ငါးခူရသွားလမ်းတွင်ရှိသည့် ဒိုးတန်းဘင်္ဂလီကျေးရွာ အနောက်ဖက် ဈေးအနီးတွင် မြိုလူမျိုးနှစ်ဦး ငါးရှာနေစဉ် မိုင်းပေါက်ကွဲ၍ ဒဏ်ရာများ ရရှိသွားသည်ဟု လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရဲကျော်က DMG ကို ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက် နေ့လည် ၂ နာရီ ကျော်ခန့်တွင် မောင်တောမြို့နယ်မြောက်ပိုင်း လောင်ဒုံကျေးက ပါပေါ (၁၉) နှစ် နှင့် ကိုင်ပြေ(၂၀) နှစ်တို့ ငါးရှာစဉ် မိုင်းအဟောင်းတစ်လုံး တွေ့ရှိ၍ ဓါးဖြင့် ထုခွဲရာမှ ပေါက်ကွဲမူဖြစ်ပွားကာ ဒဏ်ရာများ ရရှိခဲ့ခြင်းဟု ဦးရဲကျော်က ဆိုသည်။
" ဒဏ်ရာရသူတွေကို မောင်တောဆေးရုံကို သယ်ယူဖို့ လုပ်နေပါတယ်။ ဒဏ်ရာတွေကတော့ သိပ်ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။
မောင်တောဒေသတွင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း မကြာခဏဆိုသလို မိုင်းပေါက်ကွဲမှုများ ရှိနေသည်။







