လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်လာဟု သမ္မတ ဦးဝင်းမြင့် ပြော

လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်လာဟု သမ္မတ ဦးဝင်းမြင့် ပြော

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေသည် ပိုမိုတိုးတက်လာနေသည်ဟု နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောဆိုလိုက်သည်။

ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ်(၇၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်မှုများကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အသီးသီးတို့၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် နိုင်ငံတွင်းလူ့အခွင့်အရေး အခြေအနေ ပိုမိုတိုးတက်လာသည်ကို တွေ့မြင်နိုင်ပြီးဖြစ်ပါသည်” ဟု သမ္မတဦးဝင်းမြင့်က ထို သဝဏ်လွှာတွင် ထည့်သွင်း ရေးသားထားသည်။

ယင်းအပြင် နိုင်ငံသားများ၏ လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ရန် ဝန်ကြီးဌာနများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် မီဒီယာအဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်ရန် သမ္မတက တိုက်တွန်းပြောဆိုထားသည်။

“နိုင်ငံသားများရဲ့ မွေးရာပါအခွင့်အရေး၊ တနည်းအားဖြင့် နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးကြရအောင် လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံပြောကြားထားပြီးဖြစ်ပါတယ်” ဟု သမ္မတဦးဝင်းမြင့်ကဆိုသည်။

နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာ ပေးပို့တိုင်ကြားနိုင်ပြီး ကော်မရှင်မှ စစ်ဆေးမှုများလည်း ပြုလုပ်ခြင်းများရှိခဲ့သည်။

ကော်မရှင်အနေဖြင့် အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုရှိမရှိ စစ်ဆေးခြင်းပြုလုပ်ခဲ့သလို တိုင်ကြားလာသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သန်လျင်ရဲစခန်း၌ မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသည့် အချုပ်သားတစ်ဦးသည် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် တာဝန်ရှိသူများကို အရေးယူသင့်သည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုခဲ့သည်။

သို့သော်လည်း နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများသည် ဆက်လက်ရှိနေဆဲဖြစ်ကာ ဘင်္ဂါလီများအပါအဝင် တိုက်ပွဲများဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူအခွင့်အရေးချိုးဖောက်ခြင်းများ ရှိနေသည်ဆိုသည့် နိုင်ငံတကာ၏ စွပ်စွဲပြစ်တင်မှုများကိုလည်း ခံနေရဆဲဖြစ်သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...