သီပေါမြို့နယ် စစ်ဘေးရှောင်တချို့နေရပ်ပြန်သွားသော်လည်း စစ်ရေးတင်းမာမှုကြောင့် ရွာသားတချို့ထပ်မံစစ်ဘေးရှောင်ရောက်ရှိ

သီပေါမြို့နယ် စစ်ဘေးရှောင်တချို့နေရပ်ပြန်သွားသော်လည်း စစ်ရေးတင်းမာမှုကြောင့် ရွာသားတချို့ထပ်မံစစ်ဘေးရှောင်ရောက်ရှိ

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် နောင်ကော့ရွာဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင်များ နေရပ်သို့ပြန်သွားကြပြီဖြစ်သော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် ထပ်မံထွက်ပြေးလာ သူများလည်းရှိကြောင်းသိရသည်။

နောင်ကော့ရွာဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင် ၄၀၀ ကျော်မှာ ခိုင်းဟျိုးရွာ၊ ကုန်းဆော့ရွာမှ ရွာသားများဖြစ်ကြပြီး ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့က နေရပ်သို့ ပြန်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

“အခြေအနေက ငြိမ်ပြီလားဆိုတော့လည်း ကောင်းကောင်းတော့မငြိမ်သေးဘူးပေါ့နော်။ စစ်ရေးကတင်းမာနေသေးတယ်။ ၅ ရက်နေ့က ၃၀၀ ကျော်ပြန်သွားတယ်။ မနေ့ကကျတော့ ၀မ့်ဆော့ရွာသား ၃၂ ယောက်က စပါးတွေယူရမယ်ဆိုပြီးထပ်ပြန်သွားတယ်။ ခြံထွက်တွေယူရမယ်ဆိုတော့ စိတ်ပူလို့လေ ပြန်သွားကြတာ။ သူတို့ပြန်သွားကြပြီးမကြာခင်မှာဘဲ မန့်စန်းကျောင်းမှာ စစ်ဘေးရှောင်တွေထပ်ရောက်လာတယ်လို့ကြားမိတယ် ”- ဟု စစ်ဘေးရှောင်ကူညီမှုများပေးနေသည့် ဒေသခံလူငယ် တဦးကသျှမ်းသံတော်ဆင့်အားပြောသည်။

ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မန်စန်းဘုန်းကြီးကျောင်းသို့ရောက်ရှိလာသောစစ်ဘေးရှောင်များမှာ ကောင်းဝိန်းရွာမှ ရွာသား ၃၉ ယောက်ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုများကြောင်း မန်စန်းဘုန်းကြီးကျောင်းသို့ဒေသခံရွာသား စုစုပေါင်းစစ်ဘေးရှောင် ၄၃၈ ဦးနှင့် မန်စန်းဘူတာဘုန်းကြီးကျောင်းသို့ ၅၀ ကျော် ရောက်ရှိခိုလှုံနေခဲ့ကြသည်။

၄င်းစစ်ဘေးရှောင်များမှာ ၀မ့်နား၊ ၀မ့်ခုမ်၊ ၀မ့်နိုင်းလုံ၊ ၀မ့်ကျောင်းနှင့် ၀မ့်ကောင်းဝိန်းရွာတို့မှစစ်ဘေးရှောင်များဖြစ်ပြီး ကြောင်းသိရသည်။

ထိုဒေသတွင်စစ်ရေးတင်းမာနေသော လက်နက်ကိုင်တပ်ဖွဲ့များမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နှင့် RCSS/SSA တို့ဖြစ်ကြောင်းသိရသည်။

May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...
May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...