မြောက်ဦးမီးလောင်မှု ဆီဆိုင်ခန်း(၉) ခန်းနှင့် ဆီပေပါ (၉၀)လုံးဆုံးရှုံး၊ လူတစ်ဦးဒဏ်ရာ

မြောက်ဦးမီးလောင်မှု ဆီဆိုင်ခန်း(၉) ခန်းနှင့် ဆီပေပါ (၉၀)လုံးဆုံးရှုံး၊ လူတစ်ဦးဒဏ်ရာ
မီးသတ်သမားများ မီးငြိမ်းသတ်နေစဉ်။ ဓာတ်ပုံ - ချမ်းအေး / DMG
မီးသတ်သမားများ မီးငြိမ်းသတ်နေစဉ်။ ဓာတ်ပုံ - ချမ်းအေး / DMG

မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်၊ တောင်ဖြူတံတားအနီး ရန်ကုန်- စစ်တွေ ကားလမ်းဘေးရှိ စက်သုံးဆီအရောင် မီးလောင်ခဲ့မှုကြောင့် ဆီဆိုင်ခန်း (၉) ခန်းဆုံးရှုံးသွားကာ လူတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ (၈) ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဦးကျော်စိုးသန်း ပိုင်ဆိုင်သည့် စက်သုံးဆီ အရောင်းဆိုင်၌ အရောင်းတာဝန်ခံ ကိုဌေးဝင်း ဆီပီပါထဲသို့ ဆီထည့်စဉ် ဆီဂေါက်တံပြုတ်ကျ၍ မီးပွားလွင့်စင်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် ဆီဆိုင်ခန်း (၉)ခန်း၊ ဒီဇယ်(၆၀) ပေပါ၊ ဓာတ်ဆီ (၅)ပေပါ၊ အောက်တိန်း (၂၀) ပေပါ၊ပရီမီယံ (၅)ပေပါ၊ စုစုပေါင်းဆီပေပါ (၉၀)လုံး ဆုံးရှုံးခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းအပြင် ကိုဌေးဝင်းမှာ ဝဲ/ယာ ခြေထောက်၊ နံဘေး၊ လက်ဖျံ၊ ဝမ်းဗိုက်မီးလောင်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့၍ မြောက်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

မီးလောင်နေမှုကြောင့် မြောက်ဦး၊ မြောင်းဘွေ၊ ကျောက်တော်၊ မင်းပြား၊ ပြည်နယ်မီးသတ်ဦးစီးဌာနက မီးသတ်သမားများ သွားရောက်မီးသတ်ခဲ့ရာ ညနေ (၇) နာရီကျော်တွင် လုံးဝမီးငြိမ်းသွားသည်ဟု ပြည်နယ် မီးသတ်ဦးစီးဌာနက သိရသည်။

ယင်းမီးလောင်မှုကြောင့် ကိုဌေးဝင်းအား မြောက်ဦးမြို့မရဲစခန်း(ပ) ၂၆၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇ (မီးပေါ့ဆမှု/ပေါ့လျော့မှုကြောင့် သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးက သတင်းထုတ်ပြန်သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...