မှတ်ပုံတင်ထုတ်ပေးရာတွင် ကမန်မဟုတ်သူ (၂၀) ကျော်သာပါဝင်ဟု လဝက ဒုညွှန်ချုပ် ရှင်းလင်းမှု လက်မခံနိုင်ကြောင်း ကမန်တိုင်း ရင်းသားပါတီထုတ်ပြန်

မှတ်ပုံတင်ထုတ်ပေးရာတွင် ကမန်မဟုတ်သူ (၂၀) ကျော်သာပါဝင်ဟု လဝက ဒုညွှန်ချုပ် ရှင်းလင်းမှု လက်မခံနိုင်ကြောင်း ကမန်တိုင်း ရင်းသားပါတီထုတ်ပြန်
စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြစဉ်
စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြစဉ်

ရမ်းဗြဲမြို့နယ်၊ကျောက်နီမော်ေကျးရွာတွင် ကမန်တိုင်းရင်းသားအမည်ဖြင့်  နိုင်ငံသား စိစစ်ရေးကဒ်များအားဘင်္ဂါလီများကို ထုတ်ပေးခြင်း အပေါ် လဝကဒုညွန်ချုပ်နှင့် အဖွဲ့ဝင်များ၏ရှင်းလင်းမှုမှာ  ပွင့်လင်းမြင်သာပြီး မှန်ကန်မှု မရှိသောကြောင့် လက်မခံနိုင်ကြောင်း ကမန်တိုင်းရင်းသားပါတီက ယနေ့(ဒီဇင်ဘာလ ၆  ရက်နေ့) တွင် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လဝက ဒုညွှန်ချုပ်နှင့်အဖွဲ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် ဒေသခံများ၊ ရခိုင်အဖွဲ့များနှင့်တွေ့ဆုံရှင်းလင်းရာတွင် ကမန်လူမျိုးမဟုတ်သူမှာ (၂၁) ဦးသာရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုအပေါ် ကမန်ပါတီက လက်မခံနိုင်ကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။ယင်းရွာတွင် ကမန်လူမျိုး (၂၅၀)ကျော်ခန့်သာရှိကြောင်း ကမန်ပါတီက ဆိုထားသည်။

ယင်းတွေ့ဆုံပွဲသို့ ကမန်ပါတီအပါအဝင် ကမန်လူမျိုးခေါင်းဆောင်များကို တွေ့ဆုံရှင်းလင်းခြင်း လုံးဝ မရှိခဲ့ကြောင်းလည်း ယနေု့ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဘင်္ဂါလီ ( ၃၃၀၆)ဦးအား ကမန်လူမျိုအမည်ဖြင့်  နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးခြဲ့ခင်းအပေါ် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးအဆင့်ရှိ တာဝန်ရှိပုဂ္ဂိုလ်များထံသို့ ပွင့်လင်းမြင်သာစွာ ပြန်လည်စိစစ်ပေးရန် ကမန်အမျိုးသားပါတီက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် တင်ပြထားသည်။

ကမန်လူမျိုးအမည်ဖြင့် ဘင်္ဂါလီများကို နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးရာမှာ ဥပဒေနှင့် အညီ ဆောင်ရွက်မှုမရှိသည့် သက်ဆိုင်ရာတာဝန်ရှိသူများကို အရေးယူအပြစ်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP) က ပြီးခဲ့သည့် ရက်ပိုင်းက တောင်းဆိုထားသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...