၁၂ဘီးယာဉ်ပေါ်မှ ကျပ်သိန်းပေါင်း ၇ သောင်းခွဲ တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ

၁၂ဘီးယာဉ်ပေါ်မှ ကျပ်သိန်းပေါင်း ၇ သောင်းခွဲ တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ တာကော်တံတားအနီးတွင် ၁၂ဘီယာဉ်ပေါ်မှ ကျပ်သိန်းပေါင်း  ၇ သောင်းခွဲ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာလ ၃ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တာကော်တံတားအနီးရှိ စားသောက်ဆိုင်ရှေ့၌ ၁၂ ဘီးယာဉ်တစ်စီးအား ရပ်တန့်ရှာဖွေရာမှ ယင်းမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ယာဉ်အား အသက် ၄ဝ အရွယ် ထွန်းထွန်းမင်းဆိုသူ မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်၏ ခေါင်းခန်း အပေါ် လေကာအံဝှက်ထဲရှိ စက္ကူဖာအတွင်းမှ ကျပ်သိန်းပေါင်း ၇ သောင်းခွဲ တန်ဖိုးရှိ အိုက်စ် ၃ဝ ကီလိုကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းကြောင့် လက်ရှိတွင် ယာဉ်မောင်းလာသူ ထွန်းထွန်းမင်းအား သက်ဆိုင်ရာရဲ စခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်းသိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုများ ဖမ်းဆီးမှုအား နိုင်ငံတော်အဆင့် လုပ်ဆောင်နေပြီး မူးယစ် ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားမှုအရ တစ်ပတ်အတွင်း ဖော်ထုတ် ဖမ်းဆီးမှုအပါအဝင် ဒီဇင်ဘာလ ၁ ရက်နေ့အထိ အမှုပေါင်း ၄၁၈ မှု၊ မူးယစ်ဆေးဝါးရောင်း ဝယ်သုံးစွဲသူ ၆၄၄ ဦးတို့အား ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...