ကဏ္ဍအစုံတွင် လူငယ်များ ပိုမိုပါဝင်လာနိုင်ရေး ရခိုင်တွင်ဆွေးနွေး

ကဏ္ဍအစုံတွင် လူငယ်များ ပိုမိုပါဝင်လာနိုင်ရေး ရခိုင်တွင်ဆွေးနွေး

ရခိုင်ပြည်နယ်အတွင်းမှလူငယ်များ ကဏ္ဍပေါင်းစုံမှ ပိုမိုပါဝင်လာနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတစ်ခုကို ဒီဇင်ဘာလ ၃ ရက်နေ့က စစ်တွေမြို့ အာရီယန်ခန်းမ၌ ပြုလုပ်ခဲ့သည်။

၎င်းဆွေးနွေးပွဲအတွင်း ရခိုင်ပြည်နယ်၌နေထိုင်ကြသည့် ရခိုင်၊ မြို၊ သက်၊ ခမီး၊ မရမာကြီး၊ သက္ကမ(ခေါ်)ဒိုင်းနက်၊ ချင်း စသည့်တိုင်းရင်းသားမျိုးနွယ်မှလူငယ်များပါဝင်ပြီး ပြည်နယ်အတွင်း စိုးရိမ်မှုများ၊ စိန်ခေါ်မှုများ၊ အခက် အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုဆွေးနွေးပွဲမှ လူငယ်စွမ်းရည်မြှင့်တင်မည့် သင်တန်းတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကာ ၎င်းအစီအစဉ်တွင် ငြိမ်းချမ်းရေးအသိပညာများကို ပိုမိုသိရှိလာစေရန်၊ လူငယ်အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း ဦးဆောင်ဆွေးနွေးခဲ့သည့် လူငယ်အဝိုင်းအဝန်းအဖွဲ့အစည်းမှ ဆိုသည်။

“အခု ဆွေးနွေးအကြံပြုချက်တွေကနေပြီးတော့ စနစ်ကျ ပိုကောင်းတဲ့အစီစဉ်တွေ ရေးဆွဲနိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု လူငယ်အဝိုင်းဝန်းအဖွဲ့အစည်း ဒါရိုက်တာ စောထွန်းထွန်းကပြောသည်။

လူငယ်စွမ်းရည်မြှင့်တင်မည့်အစီအစဉ်မှာ ဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားရေးရာကော်မတီ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အားလုံးပူးပေါင်းပြီး ပိုမိုကောင်းမွန်သည့် ယန္တရားတစ်ခုဖြစ်ပေါ်လာရန် လုပ်ဆောင်မည့် အစီစဉ်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

လူငယ်များအနေဖြင့် မိမိကျေးရွာပတ်ဝန်းကျင်တွင် ကိုယ်ပိုင်ဘဝဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုအသိပညာ၊ နိုင်ငံရေးအခြေအနေ၊ မတူညီသောတိုင်းရင်းသားများ၏ ယဉ်ကျေးမှုများကို အသိအမြင် ဖလှယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါ ယခုပြုလုပ်မယ့် လူငယ်ကမ့်ကနေပြီးတော့ လူငယ်အလွှာပေါင်းစုံ၊ အရောင်သွေးပေါင်းစုံ ပါဝင်ဆွေးနွေးပြီး လူငယ်အချင်းချင်းယုံကြည်မှု နားလည်မှုအားနည်းတာတွေကို ကောင်းလာအောင် တည်ဆောက်စေဖို့ဖြစ်ပါတယ်” ဟု လူငယ်အဝိုင်းဝန်းအဖွဲ့အစည်း ဒါရိုက်တာ စောထွန်းထွန်းက ပြောသည်။

လူငယ်များ စွမ်းရည်မြှင့်တင်မည့်အစီအစဉ်အား UNFPA  မှ ရံပုံငွေဖြင့် လူငယ်အဝိုင်းအဝန်း၊ ဆွေသဟာ လူမှု ဖွံ့ဖြိုးရေးအဖွဲ့အစည်း၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ လူငယ်တွေ့ဆုံဆွေးနွေးမှုများကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နာဂဒေသတို့တွင်လည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...