လာမည့် ၂၀၁၉ တွင် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည်

လာမည့် ၂၀၁၉ တွင် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည်

မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၉ ခုနှစ်အတွင်း လူဦးရေ၏ ၅ ရာခိုင်နှုန်းခန့်ကို ကြားဖြတ် လူဦးရေ သန်းခေါင် စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“လူဦးရေရဲ့ ၅ ရာခိုင်နှုန်း လောက်ကို တိုင်းဒေသကြီး၊ ပြည်နယ်အနှ့ံမှာ ဖြန့်ပြီးတော့မှ ကောက်ယူသွားမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်းပဲ လိုအပ်တဲ့ဘက်ဂျက်တွေ ခွင့်ပြုပြီးဖြစ်တယ်။ ဌာနအနေနဲ့လည်းပဲ အရင် ၂၀၁၄ခုနှစ် အတွေ့အကြုံကို အခြေခံပြီးတော့မှ လိုအပ်တဲ့ အချက်အလက်လေးတွေကို ပိုမိုပြီးတော့မှ ပြည်စုံအောင် ကောက်ယူဖို့ စီစဉ်ထားပါတယ်”ဟု ၄င်းက ပြောကြားသည်။

 ဒီဇင်ဘာလ ၃ရက်နေ့က နေပြည်တော်ရှိ Hotel Max တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဘဏ်နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့ ပူးပေါင်းရေးသားသည့် ၂၀၁၄ သန်းခေါင်စာရင်းအစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သန်းခေါင်စာရင်းကို ဆယ်နှစ်မှ တစ်ကြိမ် ကောက်ယူလေ့ရှိသော်လည်း တိုးတက်လာသည့် လူဦးရေနှင့် စာရင်း အချက်အလက်များကို ဖြည့်ဆည်းရန်အတွက် ကြားကာလ ငါးနှစ်တွင် ကောက်ယူခြင်းဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီကပြောသည်။

“ဒီတစ်ခါ ကောက်တဲ့အခါမှာတော့ စောစောကပြောသလိုပါပဲ လူဦးရေရဲ့ ရာခိုင်နှုန်း တစ်ရာခိုင်နှုန်း ဒါမှ မဟုတ်ရင် နှစ်ရာခိုင်နှုန်း အစသဖြင့် နမူနာနည်းနဲ့ပေါ့။ ကျွန်တော်တို့ ဆယ်အိမ်ရှိတယ်ဆိုရင် တစ်အိမ် ကောက်တာတို့ဘာတို့ အဲ့လိုနည်းနဲ့ စနစ်တကျ ရွေးချယ်ပြီး ကောက်ယူသွားမှာ ဖြစ်ပါတယ်”ဟု ဦးညီညီက ဆိုသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် သန်းခေါင်စာရင်းအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၀.၃ သန်း ရှိကြောင်း သိရသည်။

“ရွေးချယ်တဲ့အခါမှာတော့ ကျွန်တော်တို့ လူဦးရေပညာမှာ နည်းပညာတွေ ရှိပါတယ်။ ကျွန်တော်တို့ Assembling Method နဲ့ ရွေးပါတယ်။ စနစ်တကျကို ကျွန်တော်တို့က ရွေးချယ်ပြီးတော့မှ ကောက်မှာ ဖြစ်ပါတယ်။ ရွေးချယ်တဲ့အခါမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ ပြည်နယ်၊တိုင်း ၁၄ ခုနဲ့ နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် အားလုံးအထဲကနေပြီးတော့မှ ကျွန်တော်တို့ ထုတ်နုတ်ပြီးတော့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောသည်။

ယခင် သန်းခေါင်စာရင်းကောက်ခံစဉ်က နယ်မြေစိုးမိုးမှု မရှိသေးသည့် ဒေသများထိပါ ယခုတစ်ကြိမ်တွင် ကောက်ယူသွားနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၁၄ ခုနှစ်က နိုင်ငံလုံးကျွတ်သန်းခေါင်စာရင်းကို UNFPA အကူအညီဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...