ကျောက်ဖြူမြို့နယ်က အစိုးရစာသင်ကျောင်းတွင် ရခိုင်ရိုးရာဝတ်စုံဝတ်ဆင်ပြီး ကျောင်းတက်

ကျောက်ဖြူမြို့နယ်က အစိုးရစာသင်ကျောင်းတွင် ရခိုင်ရိုးရာဝတ်စုံဝတ်ဆင်ပြီး ကျောင်းတက်

ရခိုင်ရိုးရာဝတ်စုံ ဝတ်ဆင်ကာ  ကျောက်ဖြူမြို့နယ်၊ အလံချိန် ကျေးရွာ အ၊ထ၊က(ခွဲ)ရှိ  ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နေကြသည်ဟု ကျောင်းအုပ်ဆရာမ ဒေါ်ခင်ခင်ဦးက ပြောသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ရိုးရာဝတ်စုံဝတ်ဆင်ပြီး တစ်ပတ်တစ်ကြိမ်ခန့် ကျောင်းတက်ကြရန် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက  မြို့နယ် ပညာရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်ပြီး ညွှန်ကြားလာသည်။ ယင်းကြောင့် ရခိုင်ရိုးရာ ဝတ်စုံဝတ်ဆင်ကာ အပတ်စဉ် သောကြာနေ့တိုင်း ကျောင်းတက်မည့် အစီအစဉ်ကို ယနေ့ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်ဟု ဒေါ်ခင်ခင်ဦးက ဆိုသည်။

 “ ဆရာမအနေနဲ့ကတော့ အစည်းအဝေးမှာ ဆရာ/ဆရာမတွေကို ပညာရေးဌာနက ပြောကြားထားတာကို မှတ်သားထားပြီး ကျောင်းသူ/ကျောင်းသားတွေနဲ့ ဆရာမတွေကို ပြောပြထားတယ်။ သောကြာနေ့ရောက်တော့ ဆရာမတို့ ဝတ်ဖြစ်တာပါ။ ရိုးရာဝတ်စုံတွေကလည်း စျေးကြီးတော့ တစ်ချို့ကျောင်းသားတွေကတော့ မဝတ်နိုင်ဘူး ”ဟု ၎င်းကပြောသည်။

ရိုးရာဝတ်စုံမှာ စျေးနှုန်းမြင့်မားသောကြောင့် တစ်ချို့ကျောင်းသား၊ကျောင်းသူများအတွက် အခက်အခဲ ရှိနေသည်။ ၎င်းတို့မှာ ရိုးရာဝတ်စုံမဝတ်ဘဲ ပုံမှန်ဝတ်စုံဝတ်ဆင်ကာ ကျောင်းတက်နေကြသည်ဟု ဒေါ်ခင်ခင်ဦးက ဆက်လက်ဆိုသည်။

ယခုကဲ့သို့ ရခိုင်ရိုးရာ ဝတ်စုံဝတ်ဆင်ပြီး ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်နေခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ပေါက်တောမြို့နယ်က မူလတန်းဆရာမ ဒေါ်ခိုင်သဇင်ရွှေမြတ်က ပြောသည်။

“ ကျမတို့အနေနဲ့ကတော့ အခုလိုဝတ်ပြီး ကျောင်းတက်တာကို သဘောကျပါတယ်။ သောကြာနေ့တစ်ရက်တည်း မဟုတ်ဘူး နောက်နေ့တွေမှာလည်း အခုလိုဝတ်ဆင်စေချင်တာပါ။ အခုလို ရိုးရာဝတ်စုံဝတ်ပြီး ကျောင်းတက်တာကို အမတို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ကြိုလည်ကြိုဆိုပါတယ် ” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တခြားအစိုးရစာသင်ကျောင်းများမှာ ရိုးရာဝတ်စုံ ဝတ်ဆင်ပြီး ကျောင်းတက်ခြင်းကို မြင်တွေ့ရခြင်း မရှိပေ။ အလံချိန်ကျေးရွာတွင် ရိုးရာဝတ်စုံဝတ်ဆင်ပြီး ကျောင်းတက်နေခြင်းမှာ ထူးခြားသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ 

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...