ဘင်္ဂါလီအရေး ဆန္ဒဖော်ထုတ်မှုဖြင့် အမျိုးသားရေးတက်ကြွသူတစ်ဦး ငြိမ်းစုစီဥပဒေဖြင့် အရေးယူခံရ

ဘင်္ဂါလီအရေး ဆန္ဒဖော်ထုတ်မှုဖြင့် အမျိုးသားရေးတက်ကြွသူတစ်ဦး ငြိမ်းစုစီဥပဒေဖြင့် အရေးယူခံရ

စစ်တွေမြို့တွင် စက်တင်ဘာလ (၂၅) ရက်နေ့က ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ဖော်ရာတွင် ပါဝင်သည့် စစ်တွေဒေသခံတစ်ဦးမှာ  ငြိမ်းစုစီဥပဒေဖြင့် စစ်တွေမြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့်ထားခံထားရ သည်။

မောင်တောခရိုင်၌ မူဆလင်လူငယ်များအား ကျောင်းဆရာခန့်အပ်မှု၊မောင်တောေတာင်ပိုင်း၌ ဘင်္ဂါလီများကို မထားရှိရေး၊ ကမန်အတုဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးမှုတို့ကို ကန့်ကွက်ဆန္ဒဖော်ထုတ် ရာတွင် ပွဲခွင့်ပြုချက်အသုံးဆောင်ပစ္စည်းများထက် ကျော်လွန်စွာ အသုံးပြုခဲ့သည်ဟုဆိုကာ ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့်ခံရခြင်းဟု အမှုဖွင့်ခံရသူ ဒေါ်အေးသီတာက ပြောသည်။ သူသည် ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့် လျှောက်ထားသူ တစ်ဦးဖြစ်သည်။

“ ဆန္ဒပြရာမှာ စပီကာမသုံးရဆိုပြီးတော့ အမှုဖွင့်ထားတာပါ။ ကျမတို့ကလည်းစပီကာ မသုံးခဲ့ပါဘူး။ ၁ ပေခွဲ ဆောင်းဘောက်လေးကို သုံးခဲ့တာပါ။ ဒါကို ဆန္ဒပြတဲ့အခါ ခွင့်ပြုမိန့်မှာ မပါဘူးဆိုပါတယ်။ ဒါကြောင့်ပါ။ ရဲကခေါ်တာကတော့ မြို့နယ်အုပ်ချုပ်ရေးမှူး က အမှုဖွင့်ခိုင်းတဲ့အတွက် အမှုဖွင့်ရတာပါလို့ ပြောပါတယ်။ ကျမတို့ မနေ့က အမှတ် ၂ စခန်းမှာ သွားတွေ့ခဲ့ပါတယ်။ ရုံးတင်ဖို့မတင်ဖို့ကတော့ ကျမတို့မသိသေးပါဘူး ” ဟု ၎င်းက ပြောသည်။

အာဏာပိုင်များက ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုကြောင့် အရေးယူလိုက်ခြင်းမှာ   အမျိုးသာရေး ဦးဆောင်သူများကို လက်ရှိအစိုးရက အငြိုးထားပြီး ပြုလုပ်နေခြင်းဟု စစ်တွေမြို့က အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဒေါ်ကျော့မေက ဝေဖန်သည်။ သူသည် အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။

“ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို အခုလိုလုပ်တာဟာ လက်ရှိအစိုးရက အမျိုးသားရေး၊ လူမှုရေးတွေလုပ်နေတဲ့ ရခိုင်က ဦးဆောင်သူတွေကို အငြိုးထားပြီးလုပ်နေတယ်။ ချိုးနှိမ်နေတယ်လို့ မြင်ပါတယ် ” ဟု၎င်းကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်တွေ အမှတ် ၂ ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ စခန်းမှူးမရှိဟုဆိုကာ ဖြေဆိုရန် ငြင်းဆန်သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...