လွှတ်တော်နိုင်ငံရေးကို လေ့လာသင်ယူရဦးမည်ဟု ဒေါက်တာအေးမောင်၏သားပြော

လွှတ်တော်နိုင်ငံရေးကို လေ့လာသင်ယူရဦးမည်ဟု ဒေါက်တာအေးမောင်၏သားပြော

ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်း အနေဖြင့် နိုင်ငံရေးလောကထဲသို့ ယခုမှ စတင်ဝင်ရောက်လာခြင်းဖြစ်သောကြောင့် လွှတ်တော်နှင့် နိုင်ငံရေးကို လေ့လာသင်ယူရဦးမည်ဟု နိုဝင်ဘာလ ၂၇ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ပြောဆိုခဲ့သည်။

ဦးတင်မောင်ဝင်းအနေဖြင့် လွှတ်တော်ထဲသို့ ယခုမှ စတင်ဝင်ရောက်လာခြင်း ဖြစ်သောကြောင့် သူ့ရှေ့က ဆရာများနှင့်တိုင်ပင်ကာ မည်သို့လုပ်ဆောင်ရမည်ကို ဆွေးနွေးပြီးမှ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ လွှတ်တော်နိုင်ငံရေးကို အခုမှ ဝင်လာတာဆိုတော့ သေချာလေ့လာ သင်ယူရဦးမှာပါ။ ကိုယ့်ရှေ့ကဆရာတွေနဲ့ တိုင်ပင်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို နွေးဆွေးပြီးမှ လုပ်ဆောင်သွားမှာပါ။ ကျွန်တော်လုပ်ဆောင်ရမယ့်တာဝန်ကို ပြည်သူတွေအပေါ်မှာ ကျေပွန်အောင် အဖေရဲ့ညွှန်ကြားချက်အတိုင်း အဖေကိုယ်စား ဆောင်ရွက်နေတာပါ။ နောက်ထပ်လည်း တဆင့်တက်ဖို့ အဆင်သင့်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အဖေရဲ့ နိုင်ငံရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားမှာပါ ” ၎င်းက ပြောသည်။

ပြည်သူ့မဲကို တန်ဖိုးထားပြီး ပြည်သူအတွက် အကောင်းဆုံးဖြစ်အောင ်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ဆိုသည်။

“ ကျွန်တော့်အနေနဲ့ ဒီလွှတ်တော်ထဲမှာ ဆောင်ရွက်ရမယ့် ကဏ္ဍတွေကို ပြည်သူရွေးချယ်ပေးလိုက်တဲ့ မဲ အလဟဿမဖြစ်ရအောင် ပြည်သူအတွက် အကောင်းဆုံးကြိုးစားပြီး ဆောင်ရွက်သွားပါမယ် ” ဟု ဦးတင်မောင်ဝင်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့ ရသေ့တောင်ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP)မှ ဦးမောင်လှမြင့်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှ ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးခင်သန်းမောင်နှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ သားဦးတင်မောင်ဝင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဦးတင်မောင်ဝင်းက မဲအပြတ်သတ်ဖြင့် အနိုင်ရရှိခဲ့သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...