မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှု ပြုလုပ်

မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှု ပြုလုပ်
ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ
ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်ရှိ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းတွင် နိုဝင်ဘာလ ၂၈ ရက်၊နံနက် ၈ နာရီကပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ တိုင်းအမျိုးသမီးကော်မတီမှ ဦးဆောင် ကာ အမျိုးသမီးအရေးတက်ကြွစွာ လှုပ်ရှားနေကြသော UN ၊ INGO ၊ NGO ၊ CSO များ ပူပေါင်းကျင်းပခြင်း ဖြစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာ အရာရှိများ၊ ဖိတ်ကြားထားသူများ၊စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

"အဖွဲ့အစည်းအသီးသီး ပူးပေါင်းပြီး လှုပ်ရှားတာ အားရစရာကောင်းတယ်။ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မန္တလေးက အထူးတက်ကြွတယ်။"ဟု မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ မန္တလေးတိုင်း ဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့က စတင်ကာလုပ်ဆောင်နေခြင်းဖြစ်ပြီး ခရိုင်အလိုက်အသီးသီး လုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရသည်။

ယခုကျင်းပသည့် အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ Single Mother နှင့်ပတ်သက်သည့် တေးသီချင်းသရုပ်ဖော်ဖြင့် ဖျော်ဖြေကပြခြင်း၊ United Women အဖွဲ့မှ One Billion Raising Dance ဖြင့် ကပြဖျော်ဖြေခြင်း နှင့် Sunflower အဖွဲ့မှ ပညာပေးပြဇာတ်ဖြင့် ကပြဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့သလို အမျိုးသမီးအကြမ်းဖက်မှု လျော့ကျရေး ပညာပေးပြခန်းများ၊ ကျန်းမာရေး အသိပညာပေး ပြခန်းများ၊ပညာပေးကာတွန်းများပြသထားပြီး ကရာတေး အားကစားသမားများကလည်း သရုပ်ပြမှုများ ပြုလုပ်ခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...