G&G စတိုးဆိုင်အတွင်း ခြိမ်းခြောက်လုယူခဲ့သူ ၄ ဦးအားဖမ်းဆီးရမိ

G&G စတိုးဆိုင်အတွင်း ခြိမ်းခြောက်လုယူခဲ့သူ ၄ ဦးအားဖမ်းဆီးရမိ

ရန်ကုန်မြို့၊ အလုံမြို့နယ် ၊ ဌာနလမ်းထိပ်ရှိ G&G စတိုးဆိုင်အတွင်းမှ အရောင်းဝန်ထမ်းအား ထိုးကြိတ်မည် ဟုပြောဆိုကာ ဖုန်းနှင့် ပိုက်ဆံများလုယူသွားခဲ့သည့် လူငယ် ၄ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

စတိုးဆိုင်အတွင်းမှ လုယူသွားခဲ့သူ ၄ ဦးအနက် ၃ ဦးမှာ အသက် ၁၇ နှစ်အရွယ်များဖြစ်ကြပြီး လသာမြို့နယ်၊ ၇ ရပ်ကွက်တွင် နေထိုင်သော စိုင်းအောင်ကောင်းမြတ်(ခ)ဖိုးပြည့်စုံ(ခ)အရိုး၊ တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်တွင်နေထိုင်သော မင်းသန့်ကို (ခ)မင်းသန့်၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်တွင်နေထိုင်သော စိုးသီဟ (ခ)မိချောင်းနှင့် ကျန်တစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်တွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် ဟိန်းစိုးအောင်တို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်၊ နံနက် ၁ နာရီမိနစ် ၂ဝ ခန့်တွင် အလုံမြို့နယ်၊ ဌာနလမ်းထိပ်ရှိ် G&G စတိုးဆိုင်အား ဖွင့်လှစ်ရောင်းချနေစဉ် လူငယ်သုံးဦးခန့်သည် ဆိုင်အတွင်းသို့ဝင်လာပြီး အရောင်းဝန်ထမ်း အမျိုးသားအား ထိုးကြိတ်မည်ဟုပြောဆိုကာ ဝန်ထမ်း၏ အကျႌအိတ်ကတ်အတွင်းရှိ Vivo ဖုန်းနှင့်  အံဆွဲ အတွင်းမှ စျေးရောင်းရငွေ ၃၈ဝဝဝ ကျပ်တို့အား ယူဆောင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ရဲထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ယူဆောင်ထွက်ပြေးသွားခြင်းကြောင့် G&G စတိုးဆိုင်အရောင်းဝန်ထမ်းက အလုံမြို့မရဲစခန်းတွင် (ပ) ၄၃၅/၂ဝ၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေခဲ့ရာ နိုဝင်ဘာလ ၂၅ ရက်၊ ည ၈ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် အလုံမြို့နယ်၊ စောရန်နိုင် အနောက်ရပ်ကွက် ၊ ဆွမ်းသိမ်းပွဲ စတိတ်ရှိုးပွဲပြုလုပ်သည့်နေရာ၌ မင်းသန့်ကို (ခ)မင်းသန့်ဆိုသူအပါအဝင် ၃ ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၃ ဦးအား စစ်ဆေးချက်အရ ယင်းအမှုအား ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၎င်းတို့ ၃ ဦးနှင့်အတူ ပြစ်မှု ကျူးလွန်ရာတွင် ဟိန်းစိုးအောင်ဆိုသူလည်း ပါဝင်ကြောင်းထွက်ဆိုခဲ့သဖြင့် အသက် ၂၂ နှစ်အရွယ် ဟိန်းစိုး အောင်ကို လှိုင်သာယာမြို့နယ်၊ အမှတ်(၁ဝ) ရပ်ကွက်၊ အနော်ရထား လမ်းမပေါ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ၎င်းတို့ ၄ ဦးထံမှ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အရေးယူနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...