AA စစ်ဦးစီးချုပ်ပုံနှင့် မီးပုံးပျံလွှတ်တင်ခဲ့သူကို ထောင်ဒဏ် ၂ နှစ်ချမှတ်

AA စစ်ဦးစီးချုပ်ပုံနှင့် မီးပုံးပျံလွှတ်တင်ခဲ့သူကို ထောင်ဒဏ် ၂ နှစ်ချမှတ်

ရက္ခိုင့်တပ်မတော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မွေးနေ့တွင် သူ၏ပုံနှင့် မီးပုံးပျံလွှတ်တင်မှုဖြင့် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သူ၏ အမှုကို လိုက်ပါဆောင်ရွက်နေသူ အထက်တန်းရှေ့နေ ဦးတင်မြင့်က DMG ကို ပြောသည်။

အဆိုပါထောင်ဒဏ်ချမှတ်ခံရသူမှာ ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာမှ ကိုလှထွန်းကျော်ဖြစ်သည်။ ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလက ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ၃၉ နှစ်မွေးနေ့တွင် မီးပုံးပျံလွှတ်တင်ခဲ့မှုဖြင့်  မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲထားခြင်းခံခဲ့ရပြီးနောက် ယင်းသို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်းြဖစ်သည်။

 “ သူ့ကို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ ကျောက်ဖြူမြို့နယ်တရားရုံးက ပုဒ်မ ၁၇(၁) နဲ့ ချမှတ်လိုက်တာပါ ” ဟု ဦးတင်မြင့်က ပြောသည်။

၎င်းကို  ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယခု ထောင်ဒဏ် ချမှတ်ခံလိုက်ရခြင်းနှင့်ပတ်သက်ပြီး ဆက်လက် အယူခံဝင်သွားမည်ဟု ဦးတင်မြင့်က ဆက်လက်ဆိုသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...