အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် ဆရာတော် တက်ရောက်မည်

အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင် ဆရာတော် တက်ရောက်မည်

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့၌ ကျင်းပပြုလုပ်မည့် အာရှ -ပစိဖိတ် ထိပ်သီးအစည်းအဝေး ၂၀၁၈ သို့ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင်  ဦးသောဘိတ(IBEC ဆရာတော်) တို့အား အထူးဖိတ်ကြားခြင်း ခံရကြောင်း ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

အာရှ - ပစိဖိတ် ထိပ်သီးအစည်းအဝေး ၂၀၁၈ ကို လာမည့် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ ၃ ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ နိုင်ငံ့အကြီးအကဲများနှင့် အထူးဖိတ်ကြားသူ ၁၀၀၀ ခန့်အပါအဝင်  စုစုပေါင်း လူ ၁၅၀၀ ကျော်ခန့် တက်ရောက်မည်ဟု သိရသည်။

" အာရှ - ပစိဖိတ် ထိပ်သီးအစည်းအဝေးမှာ ဆရာတော်နဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုပါ အထူးဖိတ်ကြားခံရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဆရာတော်အနေနဲ့ (ဗုဒ္ဓဘာသာ ကိုယ်စားပြု) ငြိမ်းချမ်းရေးစကားတွေကိုလည်း မိန့်ကြားမှာ ဖြစ်ပါတယ်" ဟု ဆရာတော် ဦးသောဘိတမှ မဇ္ဈိမသို့ မိန့်ကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလျ ဒေါျအောငျဆနျးစုကွညျသညျ နီပေါဖကျဒရယျဒီမိုကရကျတစျသမ်မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ ၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း နီပေါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ခြင်း ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခတ္တမန္ဒူမြို့၌ ကျင်းပမည့် ''အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး ၂ဝ၁၈'' သို့လည်း ချစ်ကြည်ရေးခရီးစဉ်နှင့် တစ်ဆက်တည်း တက်ရောက်မည်ဖြစ်ကြောင်းကို အစိုးရ၏ တရားဝင် သတင်းပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၄ ခုနှစ်တွင်လည်း နီပေါနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌအနေဖြင့် သွားရောက်ခဲ့ဖူးကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...