သိမ်းဆည်းခံမြေများအမှန်နှင့် အမြန်ဖြေရှင်းပေးရေးအတွက် သတင်းစာရှင်းလင်း

သိမ်းဆည်းခံမြေများအမှန်နှင့် အမြန်ဖြေရှင်းပေးရေးအတွက် သတင်းစာရှင်းလင်း

ငွေဆောင်တွင် သိမ်းဆည်းခံမြေများအမှန်နှင့် အမြန်ဖြေရှင်းပေးရေးအတွက် နိုဝင်ဘာလ၂၄ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“သီးနှံလျော်ကြေး ရရှိရေး၊ အသုံးမပြုတော့တဲ့မြေတွေကို ကျွန်တော်တို့ မူလတောင်သူတွေလက်ဝယ်ရရှိရေး ဒီအချက် ၃ ချက်နဲ့ တောင်းဆိုနေတဲ့အတွက် ဒီအချက်၃ ချက်နဲ့ အညီရအောင်လို့ တောင်းဆိုသွားမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ ကျွန်တော်တို့လက်ထက်မှာ မရတောင် ကျွန်တော်တို့နောက်မျိုးဆက်တွေက ဆက်လက်ပြီး တောင်းဆိုသွားနိုင်အောင် ကျွန်တော်တို့က မျိုးစေ့ချထားပေးတာပါ”ဟု ငွေဆောင်မှ မြေသိမ်းဆည်းခံရသူ ဦးမျိုးမြင့်က ပြောသည်။

အဆိုပါဒေသမှ မြေများကို ၂ဝဝဝပြည့်နှစ်တွင် ဟိုတယ်ဇုန်အဖြစ်သိမ်းယူခံခဲ့ရပြီး ဒေသခံတောင်သူများ၏ အုန်းခြံများနှင့် လယ်မြေများ အသိမ်းခံခဲ့ရကြောင်း ဒေသခံတောင်သူတို့က ဆိုသည်။

 “တောင်းဆိုတာကတော့ ကျွန်တော်တို့ကရောင်းမယ်သူ၊ ဟိုကဝယ်မယ့်သူ။ ရောင်းသူနဲ့ ဝယ်သူ ကျွန်တော်တို့ ဆိုလိုက်တဲ့စျေးကို ဟိုက လာတွေ့ရင် အစိုးရအဖွဲ ့ကကြားကိုနေပြီး သုံးပွင့်ဆိုင်တွေ့ချင်ပါတယ်ဆိုပြီး တောင်း ဆိုထားပေမယ့် ဒီနေ့အထိ ပြန်မလာသေးတဲ့အတွက် ကျွန်တော်တို့တောင်သူ ၂၄၈ဦးညှိနှိုင်းထားတာ ကာလ ဒေသပေါက်စျေးနဲ့လိုချင်တယ်”ဟု မြေသိမ်းဆည်းခံရသူဦးမျိုးမြင့်က ပြောသည်။

ဒေသခံတောင်သူများအနေဖြင့် အသိမ်းခံရသော မြေများကို ပြန်လည်ရရှိအောင် တောင်ဆိုနေခြင်းသည် မတော်မတရားတောင်းဆိုနေခြင်းမဟုတ်ဘဲ သက်ဆိုင်ရာမြေယာစိစစ်ရေးအဖွဲ့များ၏ စိစစ်တွေ့ရှိချက်များ ၊ စာရွက်စာတမ်းများကို အခြေခံကာ အမှန်အကန်အသိမ်းခံထားရကြောင်း သက်သေများရှိနေသောကြောင့် နစ်နာသူများထံသို့ အမြန်အဆန်ရောက်ရှိလာအောင် နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ တိုင်ဒေသကြီးတာဝန်ရှိသူများက ဆောင်ရွက်ပေးရန် တောင်ဆိုခဲ့ကြသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...