ပုဏ္ဏားကျွန်းမြို့နယ် ရှင်တော်ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန် စီစဉ်နေမှုအပေါ် ဒေသခံများကန့်ကွက်

ပုဏ္ဏားကျွန်းမြို့နယ် ရှင်တော်ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန် စီစဉ်နေမှုအပေါ် ဒေသခံများကန့်ကွက်

ပုဏ္ဏားကျွန်းမြို့နယ်၊ ရှင်တော်ကြိုးပြင်ကာကွယ်ရေးတောဖွဲ့စည်းသတ်မှတ်ရန် မြို့နယ်သစ်တောဦးစီးဋ္ဌာနမှ စီစဉ်နေမှုအပေါ် ဒေသခံ ဥယျာဉ်ခြံလုပ်စားနေသူများက ကန့်ကွက်မှုများရှိနေသည်။

ဧက (၆၄၀၀) ရှိသည့် ရှင်တော်ကြိုးပြင်ကာကွယ်တောဧရိယတွင် ဒေသခံများ တစ်နိုင်တစ်ပိုင် ဥယျဉ်ခြံစိုက်ပျိုးနေကြသည့်အပြင် ထင်းခုတ်၊ဟင်းရှာပြီး ဘိုးဘွားစဉ်ဆက် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြသောကြောင့် ကြိုးပြင်ကာကွယ်ရေးတော ပြုလုပ်မည့် အစီအစဉ်ကို ဒေသခံများ သဘောမတူကြပေ။

 “ ကျွန်တော့မှာ ဥယျာဉ်မြေ ၆ ဧကခန့်ရှိပါတယ်။ ဒါကိုပဲလုပ်စားနေရတာပါ။ အခု သစ်တောကိုကြိုးဝိုင်းချမယ်ဆိုရင် ကျွန်တော်တို့ရွာသားတွေက ဒီတောတောင်ကိုမှီခိုပြီးစားနေရတဲ့အတွက် အခက်ခဲတွေရှိလာနိုင်တယ်။ ဒါကြောင့် သဘောမတူပါ။ မလုပ်ပေးစေချင်ပါ ” ဟု ရှင်တော်ကျေးရွာမှ ဥယျဉ်ခြံမြေလုပ်ကိုင်နေသူ ဦးကျော်စိန်မောင် က DMG ကိုပြောသည်။

ရှင်တော်ကြိုးပြင်ကာကွယ်တောသတ်မှတ်ရန် စီစဉ်နေမှုအပေါ် ယိုးတရုပ်ကျေးရွာရှိ ဒေသခံ ၁၀၀ ခန့်က မကျေနပ်၍ မြို့နယ် သစ်တောဦးစီဌာနထံသို့ ကန့်ကွက်စာ တင်ထားခဲ့သော်လည်း ထူးခြားမှုမရှိပေ။  ယင်းကြောင့် ဥယျဉ်ခြံမြေလုပ်စားသူ တစ်ဦးချင်းစီ လက်မှတ်ထိုးပြီး ကန့်ကွက်စာတင်ရန် လုပ်ဆောင်နေကြောင်း အမည်မဖော်လိုသည့် ယိုးတရုပ်ဒေသခံက တစ်ဦးက ဆိုသည်။

ရှင်တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောမောင်ကြီးက “ ကျွန်တော်တို့တိုင်းရင်းသားမျိုးနွယ်စုတွေဟာ တောကိုမှီခိုနေသူတွေပါ။ သစ်တောကို ကြိုးဝိုင်းလုပ်လိုက်ရင် သစ်တစ်လုံး၊ ဝါးတစ်လုံးခုတ်ဖို့တောင် တော်တော်ခက်ခဲသွားနိုင်တယ်လို့ထင်ပါတယ်။ ဒါကြောင့် တစ်ဦးချင်းကန့်ကွက်စာ တင်ဖို့လုပ်နေကြပါတယ် ” ဟုပြောသည်။

ယင်းကြိုးပြင်ကာကွယ်တောသည်  ကျောက်တော်မြို့နယ် ချောင်းတူတောင်တန်းမှ တောင်ဘက် ပုဏ္ဏားကျွန်းမြို့နယ် ဘဲငါးရာတောင်တန်းအထိ ပါဝင်ကာ ယင်းတောကို အမှီပြုပြီး မှိုဟင်းတော၊ကြံခင်း၊ယိုးတရုပ်၊ ရှင်တော်၊သဲတော်၊ကဏန်းတောင်၊ မြတ်လေး စသည့် ကျေးရွာ ၁၀ ကျော်ခန့်က ဒေသခံများလုပ်ကိုင်စားသောက်နေကြသည်။  

ရှင်တော်ကြိုးပြင်ကာကွယ်တောဖွဲ့စည်းသတ်မှတ်ရန်နှင့်ပတ်သက်ပြီးမြို့နယ်သစ်တောဦးစီးဌာနက တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၃ ရက်နေ့က ယိုးတရုပ်ကျေးရွာတွင် ဒေသခံများကို ရှင်းလင်းခဲ့ကြသည်။

ကြိုးပြင်ကာကွယ်တောဖွဲ့စည်းသတ်မှတ်မည့်အစီအစဉ်နှင့် ဒေသခံများကန့်ကွက်နေမှုများအပေါ် သိရှိရန်အတွက် မြို့နယ် သစ်တောဦးစီးဌာနသို့ DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...