မူးယစ်သတင်းတိုင်ကြားမှုအရ ရောင်းဝယ်/သုံးစွဲသူ ၆ဝဝ ကျော်အား ဖမ်းဆီးအရေးယူ

မူးယစ်သတင်းတိုင်ကြားမှုအရ ရောင်းဝယ်/သုံးစွဲသူ ၆ဝဝ ကျော်အား ဖမ်းဆီးအရေးယူ

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေကြောင်း တိုင်ကြားမှုအရ တစ်ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးမှုအပါအဝင် နိုဝင်ဘာလ ၁၇ ရက်နေ့အထိ အမှုပေါင်း ၃၈၉ မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၆ဝဝ ကျော်အား ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၆ဝဝ ကျော်နှင့်အတူ ဘိန်းဖြူ ၅,၄၂၂ ဂရမ်ကျော်၊ ICE ၂၅ ဂရမ်ကျော်၊ ဘိန်း ၃၈,၃၉၉ ဂရမ်ကျော်၊ အဆင့်နိမ့်ဘိန်း ၃၂၉ ဂရမ်ကျော်၊ ဘိန်းစာမှုန့် ၁၂,ဝ၆၃ ဂရမ်ကျော်၊ ဘိန်းစာရွက် ၇,၂၇၃ ဂရမ်ကျော်တို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် စိတ်ကြွဆေးပြား ၁ရဝ,၇၇၅ ပြား၊ ဆေးခြောက် ၃,၆၉၆ ဂရမ်ကျော်၊ ဘိန်းရည် ဝ ဒသမ ၁ လီတာ၊ ဘိန်းဆီခဲ ၂၁၇ ဂရမ်ကျော်၊ ဘိန်းစေ့ ၆ဝ ဂရမ်၊ စိတ်ကြွဆေးပြားအကြေမှုန့် ၁ ဂရမ်ကျော်၊ သေနတ်မျိုးစုံ ၁၂ လက်၊ ကျည်မျိုးစုံ ၁၉၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇွန်လ ၂၆ ရက်နေ့ကတွင် စတင်ဖွင့်လှစ်ခဲ့သည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါးသတင်းများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အရ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆိုပါ ပမာဏအား ထပ်မံဖော်ထုတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားလာသော သတင်းများကို စိစစ်ဖော်ထုတ်နေသည့် အပြင် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှလည်း သီးခြားရရှိသော မူးယစ်ဆေးဝါးသတင်းများအပေါ် စိစစ်ဖော်ထုတ်နေ သည့်အပြင် နယ်စပ်ပူးပေါင်းစစ်ဆေးဂိတ်များတွင်လည်း ပိတ်ဆို့ရှာဖွေခြင်းများလုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...