မန္တလေးတွင် လူငယ် ၃ ဦးအား စိတ်ကြွဆေးပြား ၁ သောင်းကျော်နှင့်အတူ ဖမ်းဆီး

မန္တလေးတွင် လူငယ် ၃ ဦးအား စိတ်ကြွဆေးပြား ၁ သောင်းကျော်နှင့်အတူ ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာ၊ တောင်ကြီး- မိထ္တီလာသွားကားလမ်း၊ မိုင်တိုင် အမှတ်(၃၈/၃) နှင့် (၃၈/၄)ကြားတွင် လူငယ် ၃ ဦးအား စိတ်ကြွဆေးပြား ၁ သောင်းကျော်နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ဖမ်းဆီးရမိသူ ၃ ဦးမှာ အသက် ၁၈ နှစ်အရွယ် စိုင်းနော်ဆိုင် (ခ)အိုက်ပိန်၊ အသက် ၁၉ နှစ်အရွယ် သက်ထွန်း အောင် (ခ) အိုက်လှိုင်နှင့် အသက် ၂၃ နှစ်အရွယ် ခွန်ရဲဟန်လင်း(ခ)မောင်ပေးတို့ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၉ ရက်၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၈ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မန္တလေးမူးယစ်ရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့မှ မိုင်တိုင် အမှတ်(၃၈/၃) နှင့် (၃၈/၄)ကြားတွင် သက်ထွန်းအောင်ဆိုသူ မောင်းနှင်ပြီး ကျန် ၂ ဦးလိုက်ပါ လာသည့် MARK X အမျိုးအစားယာဉ်အား ရပ်တန့်ရှာဖွေရာမှ  ယင်းစိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယာဉ်မောင်း ထိုင်ခုံဘေးတူးဘောက်အတွင်းနှင့် ယာဉ်နောက်ခန်းဒက်ရှ်ဘုတ်ပေါ်ရှိ တစ်ရှူးစက္ကူဘူးအတွင်း တို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ,ဝ၂၆ ပြားနှင့် လက်ကိုင်ဖုန်း ၃ လုံး တို့ကို ရဲတပ်ဖွဲ့မှ သိမ်းဆည်းခဲ့ခြင်းဖြစ် သည်။

လက်ရှိတွင် စိုင်းနော်ဆိုင် (ခ)အိုက်ပိန်ဆိုသူ အပါအဝင် ၃ ဦးကို သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ  အမှုဖွင့်အရေးယူထားပြီဖြစ်ကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...