ကျောက်ဖြူ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံများ၏ ရင်ဖွင့်သံကို နားထောင်ရန် လူငယ်(၁၅) ဦး စက်ဘီးစီးလှုပ်ရှား

ကျောက်ဖြူ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသခံများ၏ ရင်ဖွင့်သံကို နားထောင်ရန် လူငယ်(၁၅) ဦး စက်ဘီးစီးလှုပ်ရှား

ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ရေနံနှင့် သဘာဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်ရှိ ဒေသခံများ၏  ခံစားချက်များ၊ မျှော်လင့်ချက်များနှင့် ရင်ဖွင့်သံများကို နားထောင်ရန် အတွက် Greenbike အဖွဲ့က ရခိုင်၊ မွန်၊ ကချင်၊ ရန်ကုန်မှ စက်ဘီးသမား ၁၅ ဦးသည် မိုင်ပေါင်း ၇၂၂ မိုင်ရှိသည့် မူဆယ်-ကျောက်ဖြူသို့ စက်ဘီးစီးလှုပ်ရှားမှုကို ယနေ့(နိုဝင်ဘာလ ၁၇ ရက်နေ့)တွင် စတင်လိုက်ပြီဖြစ်သည်။

အဆိုပါစက်ဘီးစီးအဖွဲ့သည် လမ်းတစ်လျှောက်ရှိ ညအိပ်နားခိုမည့် ဒေသများတွင် သဘာဝပတ်ဝန်းကျင်အကြောင်း၊ အကြီးစားစီမံကိန်းများ၏ အကျိုးသက်ရောက်မှုများ အကြောင်းတို့ကို စကားဝိုင်းဖွဲ့ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်မည်ဟု Greenbike အဖွဲ့မှ ကိုသန်းလှက ပြောသည်။

" ကျွန်တော်တို့အဖွဲ့ဟာ မူဆယ်နဲ့ကွတ်ခိုင်ကြားမှာ ရောက်ရှိနေပါပြီ။ ကျွန်တော်တို့ အဓိကစက်ဘီးစီးတာက ကျောက်ဖြူကနေ တရုတ်ပြည်အထိ သွယ်တန်းထားတဲ့ ဂက်ပိုက်လိုင်းတစ်လျှောက်ရှိ ရွာတွေမှာ ပျက်စီးဆုံးရှုံးသွားတာတွေနဲ့ ပတ်သက်ပြီး ထိခိုက်နစ်နာမှုတွေ အများကြီးရှိပါတယ်။  သူတို့ရဲ့ ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ စတဲ့သဘောထားအမြင်ကို ညအိပ်နားမယ့် နေရာမှာတွေ့ဆုံပြီး စကားဝိုင်းဖွဲ့သွားမှာ ဖြစ်တယ်” ဟု ကိုသန်းလှက ပြောသည်။

အဆိုပါ အဖွဲ့သည် (၁၀)ရက်ကြာ စက်ဘီးစီးနင်းမည်ဖြစ်ပြီး ကျောက်ဖြူမြို့သို့ (၂၆)ရက်နေ့တွင်  ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...