ဘင်္ဂါလီလက်ခံရေး ဒီဇင်ဘာလကုန်ပိုင်းတွင် ပြန်လည်စတင်မည်

ဘင်္ဂါလီလက်ခံရေး ဒီဇင်ဘာလကုန်ပိုင်းတွင် ပြန်လည်စတင်မည်
ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် တည်ဆောက်ထားသော လှဖိုးခေါင်ကြားစခန်းအား တွေ့ရစဉ်
ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် တည်ဆောက်ထားသော လှဖိုးခေါင်ကြားစခန်းအား တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများနှင့်ပတ်သက်ပြီး ပြန်လည်လက်ခံရေး အစီအစဉ်ကို  လာမည့် ဒီဇင်ဘာလကုန်ပိုင်းတွင်သာ ပြန်လည်စတင်တော့မည်ဟု အစိုးရက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့ နိုဝင်ဘာလ (၁၅) ရက်နေ့တွင်  လူပေါင်း ၂၂၆၀ ကို ပထမသုတ်အနေဖြင့် တစ်ရက်လျှင် လူပေါင်း ၁၅၀ နှုန်းဖြင့်   လက်ခံရေး ဆောင်ရွက်မည်ဟု သဘောတူထားကြသော်လည်း တစ်ယောက်မျှ ရောက်လာခြင်းမရှိပေ။

ယင်းနောက်ပိုင်းတွင် နှစ်နိုင်ငံဆွေးနွေးမှုများ ထပ်မံပြုလုပ်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြာမီ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် ဒီဇင်ဘာလကုန်ပိုင်းတွင်သာ စတင်နိုင်မည်ဟု အဖြေထွက်ပေါ်လာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် (၄၄၀) မှာ မိမိသဘောဆန္ဒအလျှောက် ဆောလျင်စွာ ပြန်လာလိုကြောင်း သိရှိရပြီး ၎င်းတို့ကို ပထမအသုတ် စိစစ်လက်ခံရေးလုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဟု နှစ်နိုင်ငံကြားဆွေးနွေးခဲ့ကြသည်။

ဘင်္ဂါလီများပြန်လည်လက်ခံမည့်နေ့တွင် ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီများက မြန်မာနိုင်ငံကို ပြန်ပို့မည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြမှု ပေါ်ပေါက်ခဲ့သည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...