အကြောင်းအရာလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်မပြု၍ နေရာပြောင်း ပြုလုပ်

အကြောင်းအရာလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်မပြု၍ နေရာပြောင်း ပြုလုပ်

တနင်္သာရီတိုင်း မြိတ်မြို့၌ ၃ ရက်တာ ကျင်းပရန် စီစဉ်ထားသည့် အကြောင်းအရာလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို) အရပ်ဖက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်ကို  တိုင်းအစိုးရအဖွဲ့မှ ကျင်းပခွင့်မပြုသောကြောင့် နေရာပြောင်းလဲကျင်းပနေကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အရပ်ဖက်အဖွဲ့စည်းများငြိမ်းချမ်းရေးဖိုရမ် အကြောင်းအရာအလိုက် အမျိုးသားအဆင့် ဆွေးနွေးသွားရန် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ပုလဲရတနာခန်းမတွင် ကနဦးကျင်းပသွားရန် စီစဉ်ထားခဲ့ပြီး၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့၏ အကြောင်းပြန်စာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနမှ ခွင့်မပြုကြောင်း၊ အကြောင်းကြားလာသည်ဟု သိရသည်။

“မနေ့က ၁၇ ရက်နေ့အထိ မြို့နယ်ထွေအုပ်က ဒီပွဲကို မကျင်းပဖို့ စာတစ်စောင် ထပ်ရောက်လာသေးပါတယ်၊ အခု လက်ရှိ ကျွန်တော်တို့နေရာ ပြောင်းပြီး၊ နဂို စီစဉ်ထားတဲ့အတိုင်း ပွဲအစီအစဉ်ကို ကျင်းပနေချိန်မှာ သက်ဆိုင်ရာက လာရောက်ပြီးတော့ တားဆီးပိတ်ပင်တာမျိုးတော့ မရှိသေးဘူး”ဟု ငြိမ်းချမ်းရေးဖိုရမ် တိုင်းတာဝန်ခံ ဦးမိုးသူအောင်က ပြောသည်။

ယင်းနိုင်ငံရေး ဆွေးနွေးပွဲကို ကနဦးတွင် မြို့ထဲ၌ ကျင်းပရန် စီစဉ်ထားခဲ့ရာမှ အစိုးရအဖွဲ့မှ ကျင်းပခွင့် မပြုသောကြောင့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ မြိတ်မြို့၊ မြို့ပြင် ဖြစ်သည့် ကျောက်ဖျားကျေးရွာရှိ ဓမ္မိကာရဘုန်းတော်ကြီးကျောင်းတွင် ဆက်လက် ကျင်းပနေသည်။

အဆိုပါ အကြောင်းအရာအလိုက် အမျိုးသားဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းအတွင်းရှိ ခရိုင် ၃ ခရိုင်မှ အရပ်ဖက် အဖွဲ့စည်းများနှင့် လူမျိုး အလိုက် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြကာ နိုဝင်ဘာလ ၁၈မှ ၂၀ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...