စီးပွားရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ယူရို ၃၄ ဒသမ ၅ သန်း ထောက်ပံ့ရန် ဂျာမနီ ကတိပြု

စီးပွားရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ယူရို ၃၄ ဒသမ ၅ သန်း ထောက်ပံ့ရန် ဂျာမနီ ကတိပြု

မြန်မာနိုင်ငံ၏ စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဂျာမနီအစိုးရမှ ယူရို ၃၄ ဒသမ ၅ သန်း ထောက်ပံ့ရန် ကတိကဝတ် ပြုခဲ့သည်။

မြန်မာ-ဂျာမနီ နှစ်နိုင်ငံဖွ့ံဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစကားဝိုင်းကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး နောက် စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည့် အစားအသောက်နှင့် အာဟာရဖူလုံရေးကဏ္ဍ ၂ ခု အတွက် အမေရိကန်ဒေါ်လာ ၃၉ သန်းနှင့် ညီမျှသော ယူရိုငွေကြေး ထောက်ပံ့ပေးရန် ကတိပြုခဲ့ခြင်း ဖြစ်သည်။

ဂျာမနီအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးပြောင်းကာလတွင် ထောက်ပံ့ပေးရန် အမြဲအဆင်သင့်ရှိပါ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E Dorothee Janetzke Wenzel က ပြောကြားခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အကျပ်အတည်းကိုရင်ဆိုင်ရန်နှင့် ရခိုင်အကြံပေးကော်မတီ၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ဂျာမနီမှ တိုက်တွန်းခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအစိုးရ၏ ပြီးမြောက်အောင်မြင်ခဲ့သည့်မှတ်တိုင်များနှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးမှု ပူးပေါင်းလုပ်ကိုင်နေစဉ် ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများအကြောင်း ဆွေးနွေးခဲ့ကြသည်။

၂၀၁၂ ခုနှစ်မှ စတင်ပြီး ဂျာမနီသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် ထောက်ပံ့မှု ပေးခဲ့ပြီး  ပုဂ္ဂလိက ကဏ္ဍ၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများတွင် အထောက်အပံ့ပေးခဲ့ကာ  ၂၀၁၄ မှ စတင်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို ဆောင်ရွက်ပေးခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း  ရခိုင်၊ ကချင် နှင့် ရှမ်းပြည်နယ်တို့ရှိ စီမံကိန်း ၄ ခုအတွက် စုစုပေါင်း ယူရို ၁၂ ဒသမ ၉ သန်း ၊ လူ့အခွင့်အရေးဆိုင်ရာ အစီအစဉ်များအတွက် ယူရို ၆ ဒသမ ၁ သန်း ထောက်ပံ့ပေးခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...