ASEAN PLUS THREE ထိပ်သီးအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ASEAN PLUS THREE ထိပ်သီးအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နဲ့  အပေါင်းသုံးနိုင်ငံ (တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်) တို့ရဲ့ ထိပ်သီးအစည်းအဝေးတစ်ရပ်ကို စင်ကာပူမှာ  နိုဝင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အာဆီယံ အပေါင်း ၃  ထိပ်သီးအစည်းအဝေးမှာတော့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ခေါင်းဆောင်တွေနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အလားတူ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ် RCEP ဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ရပ်ကို စင်ကာပူမှာ ယမန်နေ့က ကျင်းပခဲ့ရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့ပါတယ်။

ယင်းအစည်းအဝေးမှာတော့ ကမ္ဘာ့အကြီးဆုံးသော ကုန်သွယ်ရေး စာချုပ်ကြီး တစ်ရပ် ဖြစ်လာဖို့ ရှိနေတဲ့ RCEP စာချုပ်ကို ချုပ်ဆိုနိုင်ရေး ကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံတွေက ခေါင်းဆောင်တွေအကြား ထိပ်တိုက်ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် မပါဝင်မယ့် အဆိုပါ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး စာချုပ်ကြီးတစ်ရပ်ကို လာမယ့်နှစ်မှာ အပြီးသတ်ချုပ်ဆိုသွားနိုင်ရေး ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

အကယ်၍များ ယင်းစာချုပ်ကြီးနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေဟာ နှောင့်နှေးကြန့်ကြာနေဦးမယ်ဆိုရင် ယင်းအပေါ် ယုံကြည်မှုတွေ ပျောက်ကွယ်သွားနိုင်ကြောင်းလည်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အစည်းအဝေးမှာ တက်ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောသွားပါတယ်။

သို့ပေမယ့်လည်း ယင်းနဲ့ပတ်သက်လို့ လက်ရှိအချိန်မှာ ရေရှည်အကျိုးဖြစ်မယ့် တိုးတက်မှုတွေ လုပ်ဆောင်ထားနိုင်ကြောင်းလည်း ၎င်းက ပြောသွားပါတယ်။

ပေကျင်းအစိုးရ ထောက်ခံထားပြီး ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်ကို လွှမ်းခြုံမယ့် ယင်း ကုန်သွယ်ရေးစာချုပ်ကြီးကတော့ ချုပ်ဆိုဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံးသော ကုန်သွယ်ရေးစာချုပ်ကြီး ဖြစ်လာဖို့ ရှိနေပါတယ်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...