ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ငွေကျပ် ၃.၂၆ရဘီလီယံအား တိုင်းအစိုးရထံ ပြန်လည်ပေးသွင်း

ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ငွေကျပ် ၃.၂၆ရဘီလီယံအား တိုင်းအစိုးရထံ ပြန်လည်ပေးသွင်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ငွေကျပ် ၃.၂၆ရဘီလီယံအား နိုဝင်ဘာလ၁ရက်နေ့တွင် ပေးသွင်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က နိုဝင်ဘာလ၁၄ရက်နေ့တွင်ပြုလုပ်သော လွှတ်တော်ပုံမှန် အစည်း အဝေးတွင် ပြောကြားခဲ့သည်။

ယခုအခါ ဘဏ်စာရင်းရှိငွေလက်ကျန် ၃.၂၆ရဘီလီယံကို ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးရေးဖောင်ဒေးရှင်း မှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့ငွေစာရင်းသို ့နိုဝင်ဘာလ ၁ရက်နေ့တွင်ပေးသွင်းပြီးဖြစ်ကြောင်း ဧရာ ဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က ဧရာဝတီတိုင်းဒေသကြီး ၁၄ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “ပေးသွင်းရန် ကျန်ရှိသည့် ငွေများအား သတ်မှတ်ရက်အတွင်းပေးသွင်းစေရန် ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ ရန်ပုံငွေများအား တိုင်းဒေသကြီးဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲသွားမည် ဖြစ်ပါသည်”ဟုဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က ပြောကြားခဲ့သည်။

 ဧရာဝတီပညာကျန်းမာဘက်စုံဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ဘဏ်စာရင်းရှိ ငွေလက်ကျန်ကျပ် ၃.၂၉၇ ဘီလီယံအား တိုင်းဒေသကြီးအစိုးရအဖွဲ ့ငွေစာရင်းသို ့အလျှင်အမြန်ပေးသွင်းရန်၊ကုမ္ပဏီ ၃ခုကို ထုတ်ချေး ထားသော ငွေကျပ်သိန်း ၄၀၀၀ အား ရက်ပေါင်း ၃ဝအတွင်း လွှဲပြောင်းပေးရန်၊ဖွံဖြိုးရေးလုပ်ငန်း ၂၈ခုသို့ ထုတ်ချေးငွေ ကျပ်သိန်း ၈၆၈၆.၂၆၇ အား ရက်ပေါင်း ၆ဝအတွင်း လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ဧရာ ဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင် က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို ့ပြောကြား ခဲ့သည်။

 “ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဖျာပုံမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ဧရာဝတီတိုင်းဒေသကြီးဖွံဖြိုးတိုးတက်ရေး ငွေကြေးရန်ပုံငွေနှင့်ပတ်သက် မေးမြန်းခဲ့ပါတယ်။ တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ စိစစ်တင်ပြရန် တိုင်းဒေသကြီးအစိုးရအဖွဲ ့မှ တာဝန်ပေးအပ် ခဲ့ပါတယ်။တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ စာရင်းစစ်ဆေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ပါတယ်။”ဟု ဦးအောင်ကျော်ခိုင်က ဆက်ပြောသည်။

 ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ ့မှ ဒေသဖွံဖြိုးရေးရန်ပုံငွေ စိစစ်လက်ခံရေးအဖွဲ ့ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ဦးဆောင်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ ့အတွင်းရေးမှူး၊တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး ညွန်ကြား ရေးမှူး၊တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွန်ကြားရေးမှူး၊ တိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန ညွန်ကြားရေးမှူးတို ့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်ရန် ညွန်ကြားခဲ့ကြောင်း သိရသည်။

 

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...