ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေးများသို့ ဆက်လက်တက်ရောက်

ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေးများသို့ ဆက်လက်တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Suntec Expo Convention Centre ၌ ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ ဒေသစံတော်ချိန်  နံနက် ၈ နာရီခွဲတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အလွတ်သဘော မနက်စာစားပွဲ (ASEAN-Australia Informal Breakfast Summit) သို့ တက်ရောက်ခဲ့သည်။

ထို့နောက် နံနက် ၉ နာရီခွဲတွင် ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံ- တရုတ် ထိပ်သီးအစည်းအဝေး (21st ASEAN-China Summit) သို့ လည်းကောင်း၊ နေ့လည် ၁၁ နာရီတွင် ကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေး (20th ASEAN-ROK Summit) သို့ လည်းကောင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဌေးအောင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။

ယင်းနေ့ ဒေသစံတော်ချိန် ၁၂၃၀ နာရီချိန်တွင် Suntec Expo Convention Centre ၌ ကျင်းပသည့် စင်ကာပူ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းက တည်ခင်းဧည့်ခံသော အလုပ်သဘောနေ့လယ်စာစားပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက် အထိ စင်ကာပူတွင် ကျင်းပနေသည့် (၃၃) ကြိမ် မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန်  ရောက်ရှိနေကြခြင်း ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...