နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပေမယ့် ကိုယ်ကျိုးရှာအမြတ်မထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပေမယ့် ကိုယ်ကျိုးရှာအမြတ်မထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ တိုက်တွန်းဖိတ်ခေါ်လိုက်သလို တစ်ဖက်ကလည်း နိုင်ငံရဲ့ ရင်းမြစ်တွေကိုတော့ ကိုယ်ကျိုးရှာ အမြတ်ထုတ်လာတာမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံစီးပွားရေးအတွက် မကြာသေးမီ လများအတွင်းမှာ အာရှခရီးစဉ် လှည့်လည်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ရရှိရေး ဆွယ်ဟောနေခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးမှုကို လာမယ့်နှစ်မှာ ၇ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

စစ်အုပ်ချုပ်ရေးအပြီး ၂၀၁၆ မှာ အရပ်သားအစိုးရ တက်လာပြီးနောက် စီးပွားရေးဦးမော့လာမယ်လို့ မျှော်လင့်ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံမှုဥပဒေ အရှုပ်အထွေး၊ ငွေတန်ဖိုး အားနည်းခြင်း၊ ငွေကြေး ဖောင်းပွမှု မြင့်မားခြင်း၊ ကျယ်ကျယ်ပြန်ပြန့်ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပဋိပက္ခတွေကြား စီးပွားရေး နာလန်မထူနိုင် ဖြစ်နေပါတယ်။

ဒီကနေ့ စင်ကာပူမှာ ကျင်းပတဲ့ ဒေသတွင်း အာဆီယံအစည်းအဝေးအကြို စီးပွားရေးဖိုရမ်တစ်ရပ်မှာ မိန့်ခွန်းပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ နောက်ဆုံးစျေးကွက်ပါ။ ကျွန်မတို့မှာ မြေတွေရှိတယ်။ သင့်တော်တဲ့ ငယ်ရွယ်သူ အလုပ်သမားဦးရေလည်း ရှိထားတယ်။ သယံဇာတ အရင်းအမြစ်တွေလည်း ရှိထားတယ်။”လို့ ပြောပါတယ်။

ဒါပေမယ့် အဖိုးတန်ကျောက်မျက်ရတနာတွေ၊ စိုက်ပျိုးမြေ ပေါကြွယ်ဝတာတွေ၊ ရေအရင်းအမြစ်တွေ စတဲ့ နိုင်ငံရဲ့ အလျှံပယ်သော သဘာဝရင်းမြစ်တွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ ခွင့်ပြုလိမ့်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာလည်း ဖြစ်ပါတယ်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...