ရခိုင်ပြည်နယ်တွင် ရင်းနှီးမြုပ်နှံရန် အိန္ဒိယနိုင်ငံကို ဖိတ်ခေါ်မည်ဟုဆို

ရခိုင်ပြည်နယ်တွင် ရင်းနှီးမြုပ်နှံရန် အိန္ဒိယနိုင်ငံကို ဖိတ်ခေါ်မည်ဟုဆို
by -
မိုးမြင့်ဇော်

ရခိုင်ပြည်နယ်တွင် ရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာစေရန်အတွက် အိန္ဒိယနိုင်ငံကို ဖိတ်ခေါ်သွားရန်ရှိနေ ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းရရှိသည်။

အိန္ဒိယနိုင်ငံမှ ရင်နှီးမြှုပ်နှံမှုများဖိတ်ခေါ်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ ဦး ဆောင်သော ဝန်ကြီးတစ်ချို့သည် မကြာမှီ အိန္ဒိယနိုင်ငံကို သွားရောက်မည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) အလုပ်အမှုဆောင် ဦးထွန်းထွန်းနိုင် ကပြောသည်။

"မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်ဖို့ နှေးကွေးသွားတဲ့အကြောင်းအရင်းတစ်ခုက ရခိုင်ကြောင့်ပါ။ ဘာဖြစ် လို့လည်းဆိုတော့ ရခိုင်ကိစ္စဖြစ်တဲ့အတွက်ကြောင့် အတော်များများက လက်တွန့်သွားတာပါပါတယ်။ အဲဒါ ကြောင့် ကျွန်တော်တို့ စီးပွားရေးသမားတွေက UMFCCI ကကိုယ်စားပြုပြီးတော့ ရခိုင်ကိုအရင်မြှင့်တင်ရမှာဖြစ် ပါတယ်။ တကယ်လို့ ရခိုင်ပြည်သာ စီးပွားရေးလုပ်ငန်းတွေ ကောင်းလာမယ်၊ရခိုင်ပြည်သာအလုပ်အကိုင်အခွင့် အလမ်းတွေအများကြီး ဖန်တီးပေးနိုင်မယ်ဆိုရင် ပြဿနာတွေက တော်တော်ကိုနည်းသွားမှာဖြစ်ပါတယ်" ဟု ဦးထွန်းထွန်းနိုင် ကပြောသည်။

ထိုသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်အတွက် မီဒီယာတွေ့ဆုံရှင်းလင်းပွဲကို နိုဝင်ဘာ ၈ ရက်က UMFCCI တွင် ပြုလုပ်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှုများဖိတ်ခေါ်ရန်အတွက် နိုဝင်ဘာ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ သွားရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အိန္ဒိယနိုင်ငံကိုဖိတ်ခေါ်ရခြင်းမှာ နယ်နိမိတ်ချင်း နီးစပ်မှု ရှိပြီး ယခင်ကတည်းက ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းများကြောင့် ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်အတွက် ၂၀၁၉ ဇန်နဝါရီ ၂၈မှ ၂၉အထိ နေ ပြည်တော်ရှိ Myanmar International  Convention Centre II တွင် Invest Myanmar Summit 2019 ကိုလည်းကျင်းပသွားရန် ရှိနေသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...