ဒုတိယမြောက်ပထမဆုံးချစ်သူလို့ဆိုလာတဲ့ မွန်တိုင်းရင်းသားလေး တေးသံရှင်ဇွဲလေး

ဒုတိယမြောက်ပထမဆုံးချစ်သူလို့ဆိုလာတဲ့ မွန်တိုင်းရင်းသားလေး တေးသံရှင်ဇွဲလေး
by -
ဒေါင်းလူ

မွန်တိုင်းရင်းသားလေး တေးသံရှင်ဇွဲလေးက "ဒုတိယမြောက်ပထမဆုံးချစ်သူ" လို့ အမည်ပေးထားတဲ့ တေး အယ်လ်ဘမ်ကို စတင် မိတ်ဆက်လိုက်ပါတယ်။

ရန်ကုန်မြို့၊ ဗဟာဗန္ဓုလလမ်းနဲ့ ဗိုလ်တစ်ထောင်ဘုရားလမ်းထောင့်မှာရှိတဲ့ Orchid ဟိုတယ်မှာ နိုဝင်ဘာ ၇ ရက်နေ့၊ မွန်းလွဲပိုင်းက စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီတေးစီးရီးရဲ့ ခေါင်းစဉ်ကိုတော့ ချစ်သူအတွက် ရည်ရွယ်ပါတယ်လို့ တေးသံရှင်ဇွဲလေးက မီဒီယာများကို ဖြေကြားခဲ့ပါတယ်။

 "ဒီခေါင်းစဉ်ကတော့ မော်လမြိုင်ကသူနာပြုဆရာမလေးနဲ့ ချစ်မိသွားတဲ့အခါမှာ သူက ကျွန်တော့်ရဲ့ ဘဝမှာ ဒုတိယမြောက်ဖြစ်တယ်။ အမှတ်စဉ်အနေနဲ့ ဒုတိယမြောက်ဖြစ်ပေမယ့် သူ့ကို ကျွန်တော်ပေးလိုက်တဲ့အချစ်တွေ က ၁၅၀၀ ထက်ကျော်ရင်လည်း ကျော်သွားမှာပေါ့။ ဒီလိုသူနဲ့တွေ့ဆုံမှုအကြောင်းလေးတွေကို ရေးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုသီဆိုထားတာပါ။ သူသာကျွန်တော်ဆိုထားတဲ့သီချင်းကိုကြားမယ်ဆိုရင် တော်တော့်ကိုဝမ်းသာမှာပါ။ ကျွန်တော်တတ်နိုင်တဲ့ဂီတလေးကို သူနားထောင်ပြီး အရမ်းပျော်သွားမယ်ဆိုရင် ကျေနပ်ပါတယ်။’လို့ ဇွဲလေးက ပြောပါတယ်။

တေးစီးရီးမှာ Pop Rap နဲ့ Rap အမျိုးအစားသီချင်းတွေကို သီဆိုထားပြီး ဒီတေးစီးရီးထဲမှာ ‘ဖိတ်ခေါ်ပါရစေ ရာမညမြေ’ ဆိုတဲ့သီချင်းလေးပါဝင်ပြီး မွန်ရိုးရာတေးဂီတတွေနဲ့ ခေတ်ပေါ်ဂီတကိုလည်း ထူးထူးခြားခြားပေါင်း စပ်ထားတယ်လို့ သိရပါတယ်။

"ဒုတိယမြောက်ပထမဆုံးချစ်သူ" တေးစီးရီးထဲမှာ တေးသီချင်းစုစုပေါင်း ၁၀ ပုဒ် ပါဝင်ပါတယ်။ Featuring ကိုတော့ ပေါက်စီ၊ အောင်တေဇကျော်၊ ဝတီ၊ Aster၊ မြင့်မိုရ်ဟိန်း၊ ယမင်းဧကရီ၊ ဂျူစီ တို့က ပါဝင် သီဆိုပေးထားပါတယ်လို့ သိရပါတယ်။

‘အခွေကို ဘယ်လောက်ထိမျှော်မှန်းထားလဲဆို်တော့ ဒီအခွေကို စီးပွားရေးအနေနဲ့လုပ်တာမဟုတ်တဲ့အတွက် ကြောင့် ရလာတဲ့ငွေကြေးပမာဏအကုန်လုံးကို ကျွန်တော့်မိခင်မွေးရပ်ဇာတိဖြစ်တဲ့ မွန်ပြည်နယ်မှာ အကုန်လုံး ကိုလှူသွားမယ်။ ဆင်းရဲနွမ်းပါးပြီးချို့တဲ့နေတဲ့ကလေးတွေကို ပညာသင်ဖို့ထောက်ပ့ံသွားမယ်။ တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ ဒီအခွေရောင်းလို့ရလာတဲ့ငွေတွေကို တေးရေးဆရာတွေကအစ ဘယ်သူ့ကိုမှမပေးဘဲ လှူ သွားဖို့အတွက်ကြိုးစားထားပါတယ်။’ လို့လည်း တေးသံရှင်ဇွဲလေးကပြောပါတယ်။

ဒီတေးစီးရီးကိုတော့ ယခုလ ၁၉ ရက်နေ့မှာ Newone Music Band က ကိုမျိုးကျော်ကနေ တာဝန်ယူ ဖြန့်ချီပြီး ပရိုမိုးရှင်းပွဲတွေကိုလည်း မွန်ပြည်နယ်၊ ဘီလူးကျွန်းမှာ နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...