ကရင်ပြည်နယ်မှာ သေနတ်သံတွေ တိတ်သလောက်ဖြစ်နေပြီဟု သမ္မတပြော

ကရင်ပြည်နယ်မှာ သေနတ်သံတွေ တိတ်သလောက်ဖြစ်နေပြီဟု သမ္မတပြော
by -
ရဲနိုင်(လောက်ကိုင်)

 ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ ဆုံးဖြတ် လက်တွဲခဲ့သည့်အတွက် ကရင်ပြည်နယ်တွင် သေနတ်သံတိတ်သလောက် ဖြစ်နေပြီး လက်ရှိမှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များအား ရရှိခံစားနေရပြီဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် (၆၃) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က " ယခင်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ကရင်ပြည်နယ်မှာဆိုရင် လည်း အခုဆိုရင် သေနတ်သံတွေ တိတ်သလောက်ဖြစ်နေပါပြီ "ဟု ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိရာတွင် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ လျှပ်စစ်မီးရရှိရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွ့ံဖြိုးရေး၊  သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွ့ံဖြိုးတိုး တက်ရေး စသဖြင့် ကဏ္ဍစုံတွင် ဖွ့ံဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သမ္မတက ထိုသဝဏ်လွှာမှတဆင့် ပြောကြားခဲ့သည်။

လက်ရှိတွင် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးများကို (၃) ကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အခြေခံမှု (၅၁) ချက် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ကြောင်း နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော (၆၃) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့ခဲ့သည့် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...