နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မီဒီယာများထောက်ပြမှ ဆောင်ရွက်ခြင်းကို ရှောင်ရှားရမည်ဟု ဒုသမ္မတ သတိပေး

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မီဒီယာများထောက်ပြမှ ဆောင်ရွက်ခြင်းကို ရှောင်ရှားရမည်ဟု ဒုသမ္မတ သတိပေး
by -
ရဲနိုင်(လောက်ကိုင်)
(ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)
(ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

ပြည်သူလူထုအကြား လုပ်ကိုင်ဆောင်ရွက်နေကြသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မီဒီယာများထောက်ပြဝေဖန်မှသာ ဆောင်ရွက်ခြင်းလုပ်ရပ်ကို ရှောင်ရှားရကြရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သတိပေးပြောကြားခဲ့သည်။

နေပြည်တော်ရှိ Hotel MAX ၌ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဒုတိယသမ္မတက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 " ပြည်သူ့ရေးရာဝန်ဆောင်မှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရာမှာ အမှန်တကယ် လက်တွေ့ပြောင်းလဲ လာရေး၊ ပြည်သူတွေကိုဦးစားပေးတဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေဖြစ်ထွန်းပေါ်ပေါက်လာရေး၊ ပြည်သူတွေအကြား ဘယ်လိုအခက်အခဲ တွေကြုံတွေ့နေကြရတယ်၊ ဘာတွေကို လိုလား တောင့်တနေကြတယ် ဆိုတာ သိရှိနားလည်အောင် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုအကြား နေထိုင်လုပ်ကိုင် ဆောင်ရွက်နေကြရတဲ့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာနဲ့အညီ ဂုဏ်သိက္ခာမြင့်မားတဲ့ အစိုးရယန္တရားတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ညွှန်ကြားမှသာဆောင်ရွက်တာ။  မီဒီယာတွေထောက်ပြဝေဖန်မှသာ ဆောင်ရွက်တာ အဲ့ဒီလိုမျိုး လုပ်ရပ်တွေကိုလည်း ရှောင်ရှားကြရမှာဖြစ်ပါတယ်" ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အကောင်အထည် ဖော်ရာတွင်ဖြစ်စေ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိတ်ပင်သလို မဖြစ်စေဘဲ အဆိုပါ အခွင့်အရေးများကို နည်းမှန်လမ်းမှန်ဖြင့် ပြည်ထောင်စု၏ အကျိုးစီးပွား၊ လူမှု အဖွဲ့အစည်းများ၏ အကျိုးစီးပွားများကို မထိခိုက်စေဘဲ ကျင့်သုံးနိုင်ရေးနှင့် ကူညီထိန်းကြောင်းပေးရေးအတွက် သာ ရည်ရွယ်လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

 ထို့အပြင် တည်ဆဲဥပဒေများနှင့်အညီ ပြည်သူများ၏ဆန္ဒနှင့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်၊ ပြည်သူလူထုအပေါ် ကိုယ်ချင်းစာတရားနှင့် ရိုင်းပင်းကူညီ ဆောင်ရွက်ပြီး အရည် အသွေးပြည့်ဝသည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပါဟုတိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားခဲ့သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...