ထောင်ကျနေသည့် ရိုက်တာသတင်းသမားနှစ်ဦးအတွက် အယူခံတင်

ထောင်ကျနေသည့် ရိုက်တာသတင်းသမားနှစ်ဦးအတွက် အယူခံတင်
by -
မျိုးပြည့်သင်း
(ဓာတ်ပုံ - AFP )
(ဓာတ်ပုံ - AFP )

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောာင်ကျနေသည့် ရိုက်တာသတင်းသမား ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ အတွက် နိုဝင်ဘာ ၅ ရက်နေ့တွင် အယူခံတင်ထားကြောင်း ၄င်းတို့၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

"အများကြီးတော့ပြောစရာတော့မရှိပါဘူး။ ဒီနေ့ [နိုဝင်ဘာ ၅ ရက်နေ့]မနက်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံတင်တယ်ပေါ့ဗျာ" ဟု ဦးသန်းဇော်အောင် က ပြောပြသည်။

အယူခံဝင်ခြင်းကို တရားရုံးမှလက်ခံလိုက်ပါက နောက်တစ်ဆင့်တက်နိုင်မည်ဖြစ်ပြီး လက်မခံနိုင်ပါကလည်း နှစ်ဖက်လျှောက်လွှဲချက်များ ကြားနာရနိုင်မည်ဟု ၄င်းက ဆက်ပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ၌ ယင်းတို့နှစ်ဦးသည် ရခိုင်အရေးနှင့်ပတ်သတ်သည့် မောင်တောမြို့နယ် လုံခြံရေးတပ်ဖွဲ့ အစီရင်ခံစာ မိတ္တူ စာရွက်စာတမ်းများရယူခဲ့သည်ဟုဆိုကာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁)(ဂ) ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့မှထုတ်ပြန်ခဲ့သည်။

အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ထို သတင်းသမားနှစ်ဦးကို နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင် ၇ နှစ်ကျခံရန် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က အမိန့်ချခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...