ပအိုဝ်းတိုင်းရင်းသားဝတ်စုံ ချုပ်လုပ်သည့်စက်ရုံကို မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်း၌ ဖွင့်လှစ်မည်

ပအိုဝ်းတိုင်းရင်းသားဝတ်စုံ ချုပ်လုပ်သည့်စက်ရုံကို မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်း၌ ဖွင့်လှစ်မည်
by -
နောင်ခန့်

ပအိုဝ်းတိုင်းရင်းသားဝတ်စုံ ချုပ်လုပ်သည့်စက်ရုံကို မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်း၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောသည်။

ပအိုဝ်းတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းပြီး ပအိုဝ်းတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအသင်းက ပအိုဝ်းတိုင်းရင်းသားဝတ်စုံ ချုပ်လုပ်သည့်စက်ရုံကို တည်ထောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မွန်ပြည်နယ်မှာ ပအိုဝ်းတိုင်းရင်းသားလူမျိုးပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်၊ အဲဒီ ၆၀၀၀၀ ကျော်ရဲ့ ရိုးရာဝတ်စုံဟာ ကျွန်မတို့ မွန်ပြည်နယ်မှာ ချုပ်လုပ်ခြင်းကို မရှိဘူး၊ မရှိတော့ ရှမ်းပြည်နယ်က ချုပ်လုပ်တဲ့ ရယ်ဒီမိတ်အဝတ်တွေကို သွားဝယ်ပြီး ဝတ်စားဆင်ရင်ကြတယ်”ဟု ဒေါ်စံဝင့်ခိုင်က ပြောဆိုသည်။

ပအိုဝ်းတိုင်းရင်းသားဝတ်စုံ ချုပ်လုပ်သည့်စက်ရုံကြီး မဖြစ်လျှင် တစ်နိုင်တစ်ပိုင်ချုပ်လုပ်သည့် စက်အလုံး ၃၀ ကို ဝယ်ယူပြီး စက်ရုံငယ်လေးအဖြစ် စတင်တည်ထောင်ကာ ပအိုဝ်းတိုင်းရင်းသားဝတ်စုံများ ချုပ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကျွန်မတို့ ပအိုဝ်းတိုင်းရင်းသားများ စျေးကြီးကြီးနဲ့ ဝယ်ဝတ်နေရတဲ့ အဝတ်အစားကို ကိုယ့်ဒေသမှာပဲ ကိုယ့်ဟာကို ချုပ်လုပ်မယ်ဆိုရင် ကျွန်မတို့ တစ်ဝက်သက်သာတဲ့စျေးနှုန်းနဲ့ ကျွန်မတို့ လူမျိုးတွေအားလုံး ပအိုဝ်းတိုင်းရင်းသားဝတ်စုံ ဝတ်ဆင်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါ်စံဝင့်ခိုင်က ထပ်လောင်းပြောဆိုသည်။

ပအိုဝ်းတိုင်းရင်းသားဝတ်စုံ ချုပ်လုပ်သည့်စက်ရုံကို တည်ထောင်ပြီးပါက ပအိုဝ်းတိုင်းရင်းသားလူမျိုးများ ယဉ်ကျေးမှုပစ္စည်းအရောင်းကို မွန်ပြည်နယ်တွင် ထပ်မံဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ပအိုဝ်းတိုင်းရင်းသား လူမျိုးများသည် ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင် အများနေထိုင်ကြကြောင်း သိရသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...