Eleven ကိစ္စ သတင်းမီဒီယာကောင်စီမှာ သုံးပွင့်ဆိုင်ညှိနှိုင်း

Eleven ကိစ္စ သတင်းမီဒီယာကောင်စီမှာ သုံးပွင့်ဆိုင်ညှိနှိုင်း
by -
ဇေယျာမော်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် Eleven မီဒီယာမှ သတင်းသမားများကိစ္စအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၌ တရားစွဲဆိုသူ တိုင်းအစိုးရ၊ တရားစွဲခံရသူ Eleven မီဒီယာမှ တာဝန်ရှိသူ များနှင့် သတင်းမီဒီယာကောင်စီဝင်များ သုံးပွင့်ဆိုင် ညှိနှိုင်းတွေ့ဆုံခဲ့သည်။
 

ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်တွင် တွေ့ဆုံညှိနှိုင်းခဲ့ပြီး သတင်းမီဒီယာ ကောင်စီ အနေဖြင့် တိုင်းအစိုးရမှ တရားစွဲဆိုထားခြင်းကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်ဟု သတင်း မီဒီယာကောင်စီ ဒုဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ဆိုသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven မီဒီယာကို တရားစွဲထားတဲ့အမှုကို တရားရုံးကနေ ပြန်လည်ရုပ်သိမ်းပေးပါ။ ဒီနေ့တတ်နိုင်ရင် ဒီနေ့ရုပ်သိမ်းပေး၊ ဒီနေ့မတတ်နိုင်ရင် တနင်္လာနေ့ ရုပ်သိမ်း ပေးပါဆိုပြီး ပြောလိုက်တယ်” ဟု ဟံသာဝတီ ဦးအုန်းကြိုင်က ဆိုသည်။

သတင်းမီဒီယာဥပဒေအရ ရုံးတော်သို့ ရောက်ရှိပြီးသောအမှုကို သတင်းမီဒီယာကောင်စီအနေဖြင့် ဝင်ရောက်ညှိနှိုင်း ဆောင်ရွက်၍ မရပေ။သို့သော်လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေဖြင့် Eleven မီဒီယာကို တရားစွဲထားသည့်အမှုအား ရုပ်သိမ်းပေးခြင်းပြုမပြုကို တိုင်းအစိုးရအဖွဲ့ကိုယ်စား တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားသည့် ဦးအောင်ကျော်ခိုင်က သတင်းရေးသားသည့် အချိန်(အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီအချိန်)အထိ အတိအကျ ပြောဆိုခြင်းမရှိပေ။

Eleven မီဒီယာကို တရားစွဲထားသည့်အမှုဖြင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတမှ ရန်ကုန်တိုင်းအစိုးရအဖွဲ့အား လမ်းညွှန်ချက် ပေးပို့ထားပြီး ယင်းလမ်းညွှန်ချက်ထဲတွင်  သတင်းမီဒီယာဥပဒေပုဒ်မ - ၂၁ အရ နစ်နာသော အဖွဲ့အစည်း၊ ဌာန (သို့မဟုတ်) ပုဂ္ဂိုလ်သည် ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန်၊ သတင်းမီဒီယာဥပဒေ ပုဒ်မ -၂၂ အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းပေးရန်၊သတင်းမီဒီယာဥပဒေ ပုဒ်မ - ၂၃ အရ ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှု မရှိပါက တိုင်ကြားသူ (သို့မဟုတ်) ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာ တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် လမ်းညွှန်မှု ပေးခဲ့သည်။

ယင်းအတွက်ကြောင့် Eleven မီဒီယာမှ ဖြိုးဝေ (ဆောင်းပါးရှင်)၊ ကျော်ဇောလင်း (တာဝန်ခံ အယ်ဒီတာ)၊ နရီမင်း(တာဝန်ခံ အယ်ဒီတာ) ၊ Eleven Media Group သတင်းမီဒီယာဌာနသည် သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င)(ဆ) (စျ) ပါ သတင်းမီဒီယာသမားတစ်ဦး၏ တာဝန်နှင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်သည့်အတွက် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြား ရေးမှူး ဦးအောင်ကျော်ခိုင် က ယမန်နေ့ အောက်တိုဘာ ၁၈ ရက် နေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ သို့ လာရောက်တိုင်ကြားထားသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...