ရခိုင်ပြည်နယ်ရှိ သမိုင်းဝင်ဦးရာဇ်တော်စေတီ ဓါတ်လှေကားအား စတင်အသုံးပြုနိုင် တော့မည်

ရခိုင်ပြည်နယ်ရှိ သမိုင်းဝင်ဦးရာဇ်တော်စေတီ ဓါတ်လှေကားအား စတင်အသုံးပြုနိုင် တော့မည်
by -
နောင်နောင်
တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းခန့်လောက် ပြီးစီးနေပြီဖြစ်သော ဦးရာဇ်တော်စေတီ ဓါတ်လှေကားအား တွေ့ရစဉ်(ဓာတ်ပုံ- ဦးရာဇ်တော်စေတီ ဂေါပကအဖွဲ့)
တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းခန့်လောက် ပြီးစီးနေပြီဖြစ်သော ဦးရာဇ်တော်စေတီ ဓါတ်လှေကားအား တွေ့ရစဉ်(ဓာတ်ပုံ- ဦးရာဇ်တော်စေတီ ဂေါပကအဖွဲ့)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင်တည်ရှိသော တန်ခိုးကြီးဦးရာဇ်တော်စေတီ တွင် တည်ဆောက်လျှက်ရှိသော ဓါတ်လှေကားမှာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်၍ မကြာမီ စတင်အသုံးပြုနိုင် တော့မည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင်များက ပြောသည်။

အဆိုပါ ဓါတ်လှေကားအား အသုံးပြုရန်အတွက် ဓါတ်လှေကားစက်တစ်ခုတည်းသာ တပ်ဆင်ရန် ကျန်ရှိနေပြီဖြစ်ကာ လက်ရှိမှာ ထိုစက်ကိုတပ်ဆင်နေကြပြီး ယခုနှစ် ဒီဇင်ဘာလအကုန်တွင် စတင် အသုံးပြုနိုင်တော့မည်ဟု ဦးရာဇ်တော်စေတီ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကျော်ဦးက ပြောသည်။

“အင်ဂျင်နီယာတွေက ဒီဇင်ဘာလမှာ ပြီးစီးမယ်လို့ ပြောပါတယ်။ အခုဓါတ်စက်တပ်ဆင်နေပါတယ်။ ပြီးရင်တော့ ဒီဇင်ဘာလအတွင်းမှာ ဖွင့်လှစ်သွားမှာပါ။ ငွေကြေးကတော့ အခက်ခဲရှိနေသေးတယ်။ အင်ဂျင်နီယာတွက်တာမှာ မပါတဲ့ သံတခါးတို့၊ ကြွေပြားတို့၊ တက်လမ်းက စတီးလုံးထည့်ရတာတွေ ပါလာတယ်။ အခုသိန်း လေးထောင်ကျော်လောက် သုံးထားပြီးပြီ။”ဟု ၎င်းက ဆိုသည်။

အမြင့်ပေ ၁၁၅ ပေနှင့် လူလျှောက်လမ်း ပေ ၂၀၀ အထိရှိသော အဆိုပါ ဓါတ်လှေကားကို ဦးရာဇ်တော် စေတီ တော်မြတ်ကြီးအား လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးဧည့်များ၏ အလှူထည့်ဝင်ငွေ ကျပ်သိန်း ၁၀၀၀ ကျော်ဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဓါတ်လှေကားတည်ဆောက်ရာတွင် အသုံးပြုရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်း ၁၅၀၀ ကျော်ကို အလှူငွေထည့်ဝင်ခဲ့ပြီး ဓါတ်လှေကာားတည်ဆောက်မှု အပြီးအစီး စုစုပေါင်း ငွေကျပ်သိန်း ၅၀၀၀ ကျော်ကုန်ကျ မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်များက ဆိုသည်။

ယခုတည်ဆောက်နေသော ဓါတ်လှေကားတွင် ဓါတ်စက်နှစ်လုံးခန့် တပ်ဆင်သွားမည်ဖြစ်ပြီး ဓါတ်စက် တစ်လုံးစီတွင် လူ ၁၄ ဦးခန့် လိုက်ပါနိုင်စီးနင်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဦးရာဇ်တော် စေတီတော်မြတ်ကြီးတွင် တည်ဆောက်နေသော ဓါတ်လှေကားမှာ ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး စေတီတော်များအနက် ပထမဆုံးစတင်တည်ဆောက်နေသော ဓါတ်လှေကား တစ်ခုလည်း ဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...